Home
မြန်မာသတင်း
မြင်းခြံ၊ မိတ္ထီလာ၊ သာစည်နှင့် မွန်ပြည်နယ်ရှိ အကျဉ်း​ထောင်​များမှ အကျဉ်းသားများလွတ်မြောက်
DVB
·
May 7, 2019
59909606_2835581966667618_4216363329989378048_n
59640736_1534541636682818_5668826342129401856_n
59624623_2917717811700550_5985675141936316416_n
59599057_1534541613349487_594243398672580608_n
59543541_2835581993334282_8613708971150147584_n
နိုင်ငံတ၀န်း အကျဉ်းထောင်တွေကနေ အကျဉ်းသားပေါင်း ၆၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီကနေ့ မနက် ပြန်လွှတ်ပေးနေရာမှာ မန္တလေးတိုင်း​၊ မြင်းခြံ အကျဉ်း​ထောင်​က အကျဉ်းသား/သူပေါင်း ၁၁၀ ဦး တို့ ပြန်​လည်​ လွတ်​​မြောက်​လာပါတယ်​။ လွတ်​​မြောက်​လာသူ​တွေထဲမှာ အမျိုးသား ၁၀၇ ဦးနဲ့ အမျိုးသမီး ၃ တို့ ပါဝင်​ပြီး မူးယစ်​​ဆေးသုံးစွဲသူတွေနဲ့ လက်​ဝယ်​​တွေ့ရှိမှုနဲ့ ပြစ်​ဒဏ်​ကျ​နေရသူတွေ အများဆုံး ပါဝင်တယ်လို့  မြင်းခြံ အကျဉ်း​ထောင်​ တာဝန်​ရှိသူတ​ဦးက ပြောပါတယ်​။ လွတ်​​မြောက်​လာတဲ့ အကျဉ်းသားတွေအတွက် ခရီးစရိတ်​​ထောက်​ပံ​ငွေအဖြစ်​ ​ငွေကျပ်​ ၁၃ သိန်း​ကျော်​ကို လည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာအကျဉ်းထောင်ကလည်း  အမျိုးသား ၈၀ ဦးနဲ့ အမျိုးသမီး ၁၁ဦး စုစုပေါင်း ၉၁ဦး လွတ်မြောက်လာပြီး အားလုံးကတော့ မူးယစ်ဆေးဝါးမှုတွေဖြစ်ပါတယ်။ မိတ္ထီလာအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးခင်ရွှေက "အကျဉ်းကျတယ်ဆိုတာ ငွေကုန် အချိန်ကုန် လူမှုရေးဆုံးရှုံးတယ်။ အပြင်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ပါ။ ဘယ်လို ပဲဖြစ်ဖြစ် ထောင်မကျအောင် ကောင်းမွန်စွာနေကြပါ”လို့ ဆုံးမစကားပြောပြီးပြန်လွှတ်ပေးလိုက် တယ်။ သာစည်ဘုရားငါးဆူအကျဉ်းဦးစီးကနေ သမ္မတရဲ့ လွတ်ငြိမ်းခွင့်ဖြင့် အမျိုးသား ၁၁၈ဦး လွတ်မြောက်လာတယ်လို့ သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင် ကပြောပါတယ်။ "ဒီနေ့ ၁၂နာရီမှာ ဆုံးမစကားပြောပြီး လွှတ်ပေးလိုက်တယ်။ အမျိုးသား ၁၁၈ ဦးလုံးကတော့ မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေသူတွေ ပါပဲ။ နောက်နောင် ကောင်းမွန်စွာ နေထိုင်သွားကြပါလို့ ဆုံးမစကား ပြောလိုက်တယ်"လို့ ပြောပါတယ်။ မိတ္ထီလာနဲ့  သာစည်ဘုရားငါးဆူအကျဉ်းဦးစီးတို့ကနေ  ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်ကလည်း အကျဉ်းသား ၁၅၅ဦး သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့  လွတ်မြောက်ခဲ့ပါတယ်။ မွန်ပြည်နယ်ထဲက အကျဉ်းထောင်တွေနဲ့ ကုန်ထုတ်စခန်းတွေကနေ အကျဉ်းသူ/သား စုစုပေါင်း ၈၆၂ ဦး ထပ်မံ လွှတ်ပေးသွားမယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနက သိရပါတယ်။ "အခု မွန်ပြည်နယ်မှာ လွှတ်ပေးမှာက ၈၆၀ ကျော်ရှိတယ်။ သူတို့ကို လွှတ်ပေးဖို့ စိစစ်နေတုန်းပဲ ဘယ်သူ့ကို လွှတ်မယ်ဆိုပြီး နာမည်နဲ့ လာတာဆိုတော့ ဘယ်အမှုတွေနဲ့ ကျတဲ့သူတွေကို လွှတ်ပေးလဲ ဆိုတာ (နေပြည်တော်)ကပဲ။ ဆုံးဖြတ်ပေးလိုက်တာပါ။ မော်လမြိုင်၊ ရင်းငြိမ်၊ အင်းဗြောင်က အများဆုံးပါတယ်" လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြောပါတယ်။ မော်လမြိုင် အကျဉ်းထောင်မှ အကျဉ်းသား ၂၉၈ ဦး၊ သထုံအကျဉ်းထောင်မှ ၁၁ ဦး၊ အင်္ဂါပူ စိုက်ပျိုးမွေးမြူရေးစခန်းမှ ၆၆ ဦး၊ မုပ္ပလင် အကျဉ်းစခန်း(ကျား) မှ ၇၆ ဦး၊ မုပ္ပလင်အကျဉ်းစခန်း (မ)မှ ၅၀ ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ ၄၈ ဦး ၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ၈၈ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ၁၁၅ ဦး၊ အင်းဗြောက်ကုန်ထုတ်စခန်းမှ ၁၁၂ ဦး စုစုပေါင်း ၈၆၂ ဦး လွှတ်ပေးမ်လို့  ပြည်နယ်အကျဉ်းဦးစီးမှူးက ပြောပါတယ်။ သတင်း- ရီရီထွန်း၊ မောင်မောင်လင်း၊ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024