မှားယွင်းသီဆိုခဲ့ပေမယ့် နောက်တဆင့်တက်သွားသည့် The Voice Myanmar ပြိုင်ပွဲဝင် ၂ဦး (ရုပ်သံ)

“ဘယ်မှာဘယ်လို မင်းမကောင်းကြောင်း ခေါင်းထဲရိုက်ထည့်… ငါ့ရဲ့အတင်းအ ဖျင်းများလည်း မင်းအသိုင်းအဝိုင်းထဲပို့… ယုန်ထင်ကြောင်ထင်မင်းနဲ့တို့… အပြန်အလှန် စွပ်စွဲအပြစ်တင်… ရင်မှာလောင်စာတွေကိုဖွလို့ တယောက်ယောက်ကတော့ရှို့”
ဒါကတော့ နာမည်ကြီး အမျိုးသမီး တေးသံရှင် တင်ဇာမော်ရဲ့ စုန်းမအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က The Voice Myanmar သီချင်းဆို ပြိုင်ပွဲစင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင် ၂ ယောက်က ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ပြိုင်ပွဲဝင်မိန်းကလေးတွေ ဖြစ်ကြတဲ့ June Rose နဲ့ Oram တို့ဟာ Coach တယောက်ဖြစ်တဲ့ အဆိုတော် R. ဇာနည်ရဲ့ အဖွဲ့ထဲက ဖြစ်ကြပြီး အသံပါဝါအားကောင်း သူတွေ ဖြစ်ကြပါတယ်။
Blind Audition မှာ June Rose က အဆိုတော် Avril Lavigne ရဲ့ My Happy Ending သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Coach R.ဇာနည်ရဲ့ ရွေးချယ်မှုနဲ့ နောက်တဆင့် တက်ရောက်လာခဲ့သူပါ။ Oram ကတော့ နာမည်ကြီးရော့ခ်အဆိုတော် မျိုးကြီးရဲ့ ကျောက်စာများသီချင်းနဲ့ မြူးမြူးကြွကြွ ယှဉ်ပြိုင်ကာ Coach R. ဇာနည်ရဲ့ ရွေးချယ်မှုနဲ့ပဲ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Battle Round မှာတော့ သူတို့ ၂ ယောက် ထိပ်တိုက်ဆုံချိန်မှာတော့ တင်ဇာမော်ရဲ့ စုန်းမသီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ် ပြိုင်ခဲ့ရတာပါ။
“ဟား… ဟာ… ပြုစားတတ်တယ်… ဟား… ဟာ… စုန်းမတစ်ယောက်ပဲ… အိုး… အို… သတိထားကြည့်ရင်… ဆူးကြီးတစ်ချောင်းက… နှလုံးသားများထဲစိုက်နစ်… သွား လေ… သွားဟ… လာ သံပုံးများတီး… မောင်းထုတ်လိုက်ကြစို့  အဲ့ဒီစုန်းမ… အချစ်ရေ… ဂရုစိုက်… ငါတို့ နှစ်ဦးကြားဝင် အနှောင့်အယှက်ပေးတတ်တဲ့စုန်းမ”
ဒီသီချင်းရဲ့ မူရင်းတေးသံရှင် Pink ဆိုကတည်းက အကြမ်းစား၊ အမိုက်စား သံစဉ် တွေနဲ့အတူ ခက်ခဲတဲ့ သီချင်းပုံစံဖြစ်တာမို့ ဒီသီချင်းကို များသောအားဖြင့် ပြိုင်ပွဲတွေမှာ ရွေးချယ် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။
လတ်တလော သူတို့ ၂ ယောက်ရဲ့ ယှဉ်ပြိုင်မှု အစပိုင်းမှာတော့ ကိုယ်စီ အသံပါဝါ ထုတ်သုံးပြီး သီဆိုခဲ့ကြပေမယ့် သီချင်းရဲ့ တနေရာအရောက်မှာတော့ အ၀င်မှားပြီး သီ ဆိုခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်တော့ ထိန်းပြီး ပြန်လည်ညှိနှိုင်းသီဆိုကာ သီချင်းကို ပြန်အဆုံးသတ်ခဲ့ ရတာ ဖြစ်ပါတယ်။
“ရံဖန်ရံခါ တိုးတိုးတိတ်တိတ်… အာရုံတွေထဲစိမ့်ဝင်… မသိစိတ်ထဲက လောဘဒေါ သတို့ … လူတွေကိုချစ်တဲ့ဘက်က အမုန်းတွေဆီတွန်းပို့ တယ်… ဒီလိုမာန်မာနများ မ ကောင်းဆိုးဝါးနဲ့ မထူး”
သီချင်းအပြီးမှာတော့ သူတို့ရဲ့ စာသားအမှားတွေ၊ အ၀င်အထွက်တွေကို Coach တွေက အသီးသီး ဝေဖန်ထောက်ပြခဲ့ကြတာကို တွေ့ရပါတယ်။
အဆိုတော် ကျားပေါက်ကတော့ အားပေးစကားပြောခဲ့ပြီး စင်ပေါ်ရောက်တော့ ကြောက်လန့်ပြီး စာသားမှားတာတွေ ဖြစ်တတ်ကြောင်းပြောခဲ့ပြီး Performance အရ ဆို ရင်တော့ June Rose ကို ပိုသဘောကျတယ်လို့ ပြောလိုက်တာပါ။
ရန်ရန်ချန်းကတော့ ဒီသီချင်းက ၂ ယောက်စလုံးနဲ့ အစီးမကပ်သလိုဖြစ်နေပြီး နောက်တပုဒ်သာဆိုရင်တော့ ပိုကောင်းကောင်းဆိုနိုင်လိမ့်မယ့်လို့ သုံးသပ်ပြီး ဒီသီချင်း မှာတော့ ဘယ်သူကပိုသာတယ်၊ ဘယ်သူက ပိုအားနည်းချက်ရှိတယ်ဆိုတာကို မရွေး ချယ်တတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
Coach နောက်တယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ လုပ်ချင်တာ လုပ်ပြီးရင် အ လှဆုံးပြုံးနေလိုက်ဖို့ အားပေးစကားပြောခဲ့ပြီးနောက်မှာတော့ သူတို့ ၂ ယောက်ကို ရွေး ချယ်ရမယ့် အချိန်ရောက်လာခဲ့ပါတယ်။
Coach R. ဇာနည်ကတော့ ဒါဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့တဲ့အတွက် ခုလို level မှာတော့ မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပြီး မကောင်းတဲ့ ၂ ယောက်ထဲက တယောက် ကို ရွေးရမလိုဖြစ်နေတယ်လို့ ပြောလိုက်ပြီး နောက်ဆုံးမှာတော့ သူက June Rose ကို ရွေးချယ်လိုက်တာပါ။
ကျန်နေခဲ့တဲ့ Oram က ပရိသတ်ကို စကားတခုခုပြောခိုင်းချိန်မှာတော့ “တခါ လောက်ဖြစ်ဖြစ် ဒီထက်ပိုပြီးတော့ လုပ်ပြချင်တယ်။ တခါလောက်ပဲ”လို့ ပြောလိုက်ချိန်မှာ ပဲ Coach တဦးဖြစ်တဲ့ ကျားပေါက်က Steal လုပ်လိုက်တာမို့ သူတို့ ၂ ဦးစလုံး နောက်တ ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။