A d v e r t i s e m e n t With Us

လန်ဒန်သွားမည့် မြန်မာများကို ခါးပိုက်နှိုက်နှင့် သူခိုးအန္တရာယ် ဂရုပြုရန်သတိပေး

ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ကြတဲ့ မြန်မာခရီးသွားအချို့ ခါးပိုက်နှိုက်ခံရတာ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ခိုးယူခံရတာတွေ ကြုံတွေ့ခဲ့ရလို့ လန်ဒန်သွားမယ့်  မြန်မာနိုင်ငံသားတွေ သတိပြုဆင်ခြင်ဖို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ လန်ဒန်ရှိ မြန်မာသံရုံးဝက်ဆိုက်နဲ့ ရန်ကုန်မြို့ရှိ ဗြိတိန် ပြည်ဝင်ဗီဇာဆောင်ရွက်ပေးနေတဲ့ UKVL Service Center ရှိ ကြော်ငြာသင်ပုန်းမှာ သတိပေးချက် ထုတ်ပြန်ထားပြီး ဟိုတယ်နှင့်ခ ရီးသွားလာရေးဝန်ကြီးဌာနကတဆင့် ခရီးသွားကုမ္ပဏီတွေကိုလည်း ဖြန့်ဝေထားပါတယ်။ ဗြိတိန်နိုင်ငံမှာ ခါးပိုက်နှိုက်ခိုးယူသူတွေဟာ Credit Cardနဲ့  Debit Card အသုံးပြုမှုနည်းပါးပြီး ငွေသားအများအပြား ကိုင်ဆောင်လေ့ရှိတဲ့ အာရှနိုင်ငံသားတွေကို ပိုမို ပစ်မှတ်ထားကာ ခိုးယူလေ့ရှိကြပြီး ရဲတပ်ဖွဲ့ဝင်တွေအဖြစ် အယောင်ဆောင် လိမ်လည်မှုတွေ ပြုလုပ်နေကြတယ်လို့လည်းဆိုပါတယ်။ ခါးပိုက်နှိုက်နဲ့ သူခိုးအများစုဟာ လူစည်ကားရာ နေရာတွေမှာ အုပ်စုဖွဲ့နေထိုင်ပြီး အလစ်သုတ်တာ၊ ခါးပိုက်နှိုက်တာ၊ လူသွားလူလာပြတ်တဲ့နေရာမှာ ရပ်နားထားတဲ့ ကားတွေကို မှန်ရိုက်ခွဲကာအတွင်းရှိ အဖိုးတန်ပစ္စည်းတွေ နှိုက်ယူကြသလို၊ ခေတ်မီနည်းစနစ်သုံး ကားသော့အတုတွေနဲ့လည်း  ကားခိုးယူတာတွေရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေကို ခရီးသွားလာကြမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ သတိပြုရမယ့် အချက်တွေ သိရှိနိုင်ဖို့ ထုတ်ပြန်အသိပေးထားတာလို့ လည်းဆိုပါတယ်။ ဓာတ်ပုံ- Globe guide

A d v e r t i s e m e n t With Us

More News
Up