ရတနာပုံ တယ်လီပို့စ် အများပိုင် လုပ်ပြီ
DVB
·
November 2, 2012
အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ရတနာပုံ တယ်လီပို့စ် ဆက်သွယ်ရေးလုပ်ငန်းကို “မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက်” အဖြစ် ဖွဲ့စည်းတည်ထောင်ပြီး ပြည်သူတွေကိုလည်း ၁ စုကို ကျပ် ၁ သောင်းတန် အစုရှယ်ယာတွေ ထုတ်ရောင်းသွားမယ်လို့ နိုင်ငံပိုင်သတင်းစာပါ ကြေညာချက်အရ သိရပါတယ်။
ရတနာပုံတယ်လီပို့ဟာ မကြာမီအကောင်အထည်ဖော်မယ့် မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းမှာ Second Operator လုပ်ခွင့်ရမယ့် ကုမ္ပဏီ ၄ ခုထဲက တခုလည်း ဖြစ်ပါတယ်။
ဒီအများပိုင်ကုမ္ပဏီအနေနဲ့ အများပြည်သူတွေကို အစုရှယ်ယာ ဘယ်လောက်ဖိုး ရောင်းချသွားမယ်။ အစိုးရပိုင်းကရော ဆက်ပြီး ပါ မပါ၊ အုပ်ချုပ်ရေးဒါရိုက်တာအဖွဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လို ရှိတယ် စတာတွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။