A d v e r t i s e m e n t With Us

သမ္မတ ဦးဝင်းမြင့် ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ ဗီယက်နမ်နိုင်ငံကို အလုပ်သဘောခရီးစဉ် သွားရောက်မယ်လို့ အစိုးရက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။ ဗီယက်နမ်သမ္မတ ငုယင်ဖူးကျောင့်နဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင် အလုပ်သဘောခရီးစဉ်သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာသမ္မတဟာ  ဗီယက်နမ်နိုင်ငံ ဟနမ် ပြည်နယ်မှာ ကျင်းပမယ့် (၁၆) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကိုလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up