လိင်တူဆက်ဆံသူများကို သေဒဏ်စီရင်မည့် ဥပဒေ ဘရူနိုင်းဘုရင် ဆိုင်းငံ့

ဓာတ်ပုံ - EPA
2.1K
ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်လ် ဘိုလ်ကီးယားက လိင်တူဆက်ဆံသူတွေကို သေဒဏ်စီရင်မယ့် ဥပဒေကို မေလ ၅ ရက်နေ့မှာ တရားဝင် ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန်မင်းသား ဂျော့ခ်ျ ကလူနီနဲ့ ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန် အပါအဝင် ကမ္ဘာကျော် အနုပညာရှင်တွေ ဦးဆောင်ပြီး ဘရူနိုင်းရဲ့ သေဒဏ်ဥပဒေကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် အခုလို ဆိုင်းငံ့လိုက်တာပါ။
ဘရူနိုင်းနိုင်ငံမှာ လိင်တူဆက်ဆံတာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာနဲ့ အဓမ္မပြုကျင့် သတ်ဖြတ်တာတွေကို သေတဲ့အထိ ကျောက်တုံးနဲ့ပစ်ပေါက် အပြစ်ပေးတဲ့ ရှရီယာဥပဒေ ဒါမှမဟုတ် အစ္စလာမ္မစ် ဥပဒေကို ဧပြီ ၃ ရက်နေ့က ထုတ်ပြန်လိုက်ချိန်မှာ ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံဟာ အစ္စလာမ္မစ်ဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥပဒေ အကောင်အထည် ဖော်ခွင့်ကို တသမတ်တည်း ခုခံကာကွယ်ခဲ့ပါတယ်။