A d v e r t i s e m e n t With Us

ကျောက်တန်းကျေးရွာသား ၄၈ ဦး ထပ်​မံလွတ်​​မြောက်​လာ

တပ်​မ​တော်​က ထိန်းသိမ်းစစ်​​ဆေး​နေတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ၄၈ ဦး ဒီကနေ့ ​မေ ၆ ရက်​​ ​နေ့လယ်ပိုင်းက ပြန်လွတ် မြောက်လာပါတယ်။ ပြန်လွတ်လာတဲ့ ရွာသားတဦးရဲ့ မိသားစုဝင်တဦးက "ဒီ​နေ့ ၄၈ ဦး လွှတ်​​ပေးပါတယ်​။ ကျန်​တဲ့သူ​တွေကိုလည်း မနက်​ဖြန်​ မနက်​​လောက်​ လွှတ်​​ပေးမယ်​လို့​တော့ သိရပါတယ်​။ အတိအကျ​တော့ မ​ပြောတတ်​​သေးပါဘူး" လို့​ပြောပါတယ်​။ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှ ​ကျေးရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဧပြီ ၃၀ ​နေ့မှာ ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်။ ထိန်းသိမ်းစစ်ဆေးနေတဲ့ထဲက ကျောက်တန်း​ကျေးရွာသား ၁၂၆ ဦးကိုတော့ မေ ၃ ရက်မနက်က ပြန်လွှတ်ခဲ့ပြီး ​ကျန်ရှိ​နေတဲ့ ၁၃၁ ဦးကို စုံစမ်းစစ်ရေးဖွဲ့ စစ်​​ဆေး​နေ​ရာက  ဒီနေ့ ၄၈ ဦးကို တပ်မတော်က ထပ်မံလွှတ်ပေးလိုက်တာပါ။ ကျောက်တန်းကျေးရွာမှာလက်ရှိအချိန် သောက်ဆုံးရေနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေ​တယ်လို့ ကျေးရွာသားတချို့က​ပြောပါတယ်။ ​ “ဆန်​က​တော့ လုံ​လောက်​ပါတယ်​။ လယ်​သမား​တွေဆို​တော့ ၀မ်းစာဆန်​​တွေရှိပါတယ်​။ အဓိကလိုအပ်​​နေတာက ​သောက်​​ရေ/သုံး​ရေပါ။ ရွာကို တပ်​က၀ိုင်းထားတယ်​ဆို​တော့ ​ရေခပ်​ဖို့ အသွားအလာ​တွေ​တောင်​လုပ်​ဖို့ ​ကြောက်​လန့်​​နေရတာပါ။ ​နောက်​ စားကုန်​​သောက်​ကုန်​​တွေ ပြတ်​လပ်​​နေတာပါ။ ၇ ရက်​​လောက်​ရှိပါပြီ ရွာပြင်​ကိုအထွက်​အ၀င်​မလုပ်​နိုင်​​တာ စားကုန်​​ သောက်​ကုန်​​တွေက​တော့ မရှိ​တော့ပါ"လို့ ရွာသားတဦးကပြောပါတယ်။ မေလ ၅ ရက်က ကျောက်တန်းသို့ သွားရောက်ခဲ့ကြတဲ့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များ (စစ်တွေ)မှ ဆရာတော်ကြီးတွေက ကျောက်တန်းကျေးရွာအတွက် လိုအပ်နေတဲ့ ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ပို့ဆောင်ဖို့​စီစဉ်​နေပါတယ်​။ ရ​သေ့​တောင်​မြို့နယ်​​ ကျောက်​တန်း​ကျးရွာမှာ အိမ်ခြေ ၅၀၀၊  လူ ၂၀၀၀ ​ကျော်​​ခန့်​​နေထိုင်​တဲ့​ ကျေးရွာတရွာလည်း ဖြစ်​ပါတယ်​။ ဗညား

A d v e r t i s e m e n t With Us

More News
Up