Live
Home
မြန်မာသတင်း
နိုင်ငံခြားသားများ ကာစီနိုဖွင့်ခွင့်ရှိသည့် လောင်းကစားဥပဒေ လွှတ်တော်အတည်ပြု
နေဖြိုးဝင်း
·
May 6, 2019
၁၉၈၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လောင်းကစားဥပဒေကို အသစ်နီးပါး ပြန်လည်ရေးဆွဲထားပြီး ကာစီနိုရုံတွေပါ ဖွင့်ခွင့်ပြုလိုက်တဲ့ လောင်းကစားဥပဒေကြမ်းကို ဒီကနေ့ မေလ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ သမ္မတက သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတဲ့အချက်တွေကို ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုလိုက်ပြီး သမ္မတထံ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ အဆိုတင်သွင်းခဲ့တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက "အဓိက ကျနော်တို့ နိုင်ငံသားကို လုပ်ခွင့်ရှိတယ်ဆိုရင် အကုန်လုံးရှုပ်ကုန်မှာပေါ့။ တကယ်လို့ လုပ်ချင်တယ်ဆိုလို့ရှိရင် နိုင်ငံခြားသားက ကာစီနိုလုပ်မယ်ဆို သူ့ကုမ္ပဏီထောင်ပြီး ရှယ်ယာဝယ်။ ကုမ္ပဏီဥပဒေလည်း ရှိနေတာပဲ။ ဒါပေမယ့် နိုင်ငံခြားသားကိုပဲ ခွင့်ပြုမယ်ပေါ့။ အခုလည်း လောလောဆယ်က ဥပဒေမရှိဘဲ ခိုးကြောင်ခိုးဝှက်လုပ်နေတယ်။ နိုင်ငံတော်ဘဏ္ဍာ မ၀င်ဘူးပေါ့။ ဒီဥစ္စာမှာ ဥပဒေမှာ ခွင့်ပြုချက်ရှိရင် လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ထည့်ထားတဲ့အတွက်ကို နောက်ပိုင်း ညွန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ထွက်လာပြီဆိုရင် တရားဝင် ဆောင်ရွက်လို့ ရသွားပါပြီ။ အခုဆိုရင် ဒီဥစ္စာ တရားမ၀င်ဘူး။ တရားမ၀င်တာကို လက်ရှိ သက်ဆိုင်ရာနဲ့ အောက်လမ်းကြောင်းနဲ့ လုပ်နေတဲ့ဥစ္စာဖြစ်နေတာပေါ့။ နောက်ပိုင်းကျ တရားဝင်လုပ်သွားရင် နိုင်ငံတော်ဘဏ္ဍာလည်း ဖြစ်သွားမယ်ပေါ့"လို့ ပြောပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေရဲ့ အင်္ဂါရပ်ထဲမှာ ကာစီနိုပါရတဲ့အတွက် အခု ဥပဒေကြမ်းမှာ ထည့်သွင်းလိုက်တာလို့ ဆိုပါတယ်။ "နေရာတိုင်းကိုလည်း လုပ်မှာမဟုတ်ဘူး။ မဖြစ်မနေပေါ့နော် အဲအခါကျလည်း ညွန်ကြား ချက်ထဲမှာ ထွက်လာမှာ။ ဘယ်လိုနေရာမျိုး၊ ဘယ်ဟိုတယ်တွေ၊ ဘယ်လို ဒေသမျိုးတွေ၊ ဘယ်နေရာတွေ အာဝါဒေးသဘောမျိုးလည်း ခွင့်ပြုမှာ မဟုတ်ဘူးလေ။ အတည်တကျလုပ်တဲ့ နေရာမျိုးတွေ၊ နိုင်ငံတကာစံနှုန်းနဲ့ လုပ်သင့်လုပ်ထိုက်တဲ့နေရာတွေ ကျနော်တို့ သိသလောက် တော့ စင်ကာပူမှာရှိတဲ့ ဥပဒေတွေကို Gulid Line ယူပြီးတော့ ရေးနေပါတယ်။ အခုလက်ရှိက ရှေ့နေချုပ်ရုံးကို အကြံပြုချက်တောင်းခံတယ် " လို့ ဦးနေမျိုးထွန်းက ပြောပါတယ်။ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ညွန်ကြားချက်တွေ၊ နည်းဥပဒေတွေရေးဆွဲနေတယ်လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံမှာ ကာစီနိုဖွင့်ခွင့်ကို အစိုးရက ဥပဒေအရ တရားဝင်ခွင့်ပြုမထားပေမယ့်  တနင်္သာရီတိုင်း သူဌေးကျွန်း၊ ကရင်ပြည်နယ် မြ၀တီနဲ့ ရှမ်းပြည်နယ်ထဲမှာ ကာစီနိုတွေဖွင့် လှစ်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024