လွိုင်ကော်မြို့၊ ဘီလူးချောင်းအတွင်း ကျောင်းသား ၁ဦး ရေနစ်ပျောက်ဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘီလူးချောင်းထဲမှာ  ကျောင်းသားတဦး ရေနစ်ပျောက် ဆုံးနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေကြပါတယ်။ ဒီနေ့မနက် ၁၁နာရီခွဲလောက်က  ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဆိုပါကျောင်းသားဟာ ဘောလခဲမြို့ကနေ လာရောက်တာ ဖြစ်ပြီး ဒီနှစ်မှာ ၁၀တန်းတက်မယ့် ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ကျောင်းသားကို ဒေသခံနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ကယ်ဆယ်နေကြပေမယ့်  အခုညနေ ၄ နာရီလောက် အချိန်ထိ ရှာဖွေ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up