မက်ဒရစ်မြေကို ချစ်မြတ်နိုးဆဲဖြစ်ဟု တိုက်စစ်မှူး ရော်နယ်ဒို ဖွင့်ဟ

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာတုန်းက အခွန်တိမ်းရှောင်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့အတူ ၂ နှစ် ဆိုင်းငံ့ထောင်ဒဏ် ကျခံဖို့ စပိန်အာဏာပိုင်တွေက အမိန့်ချခဲ့ပေမယ့် မက်ဒရစ်မြေကိုတော့ ချစ်မြတ်နိုးနေတုန်းဖြစ်တယ်လို့ ပြောပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ၉ နှစ်ကြာ ကစားသွားခဲ့ပြီး စပိန်ပရိသတ်တွေက သူနဲ့တွေ့ဆုံချိန်တိုင်း အိမ်ပြန်လာခဲ့ပါလို့ တောင်းဆိုကြကြောင်း ရော်နယ်ဒိုက ပြောပါတယ်။ ဒါ့အပြင် စပိန်ပရိသတ်တွေဟာ သူ့အပေါ် အရမ်းကောင်းတဲ့အတွက် အလုပ်အကိုင်တွေ ပြန်လည်ဖန်တီးပေးဖို့ ကြိုးစားမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အီတလီထိပ်သီး ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up