A d v e r t i s e m e n t With Us

မြန်မာအမျိုးသမီးများအတွက် အိမ်အကူသင်တန်းကျောင်း စင်ကာပူလာရောက် ဖွင့်လှစ်မည်

စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်လိုတဲ့ အမျိုးသမီးတွေအတွက် အိမ်အကူသင်တန်းကျောင်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်သင်ကြားပေးဖို့ စင်ကာပူ အန်ဂျီအိုတခုနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးနေတယ်လို့ စင်ကာပူနိုင်ငံထုတ် သည်စထရိတ်တိုင်းမ် သတင်းစာမှာ ဖော်ပြပါတယ်။ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာအမျိုးသမီးအတွက် အချက်အပြုတ် အပါအ၀င် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စင်ကာပူနည်းပြဆရာတွေ မြန်မာနိုင်ငံကို စေလွှတ် သင်ကြားပေးမယ်လို့ နိုင်ငံခြားအိမ်အကူ လူမှုကူညီရေးနှင့်လေ့ကျင့်ရေးအသင်း (Fast) ဥက္ကဋ္ဌ ဆားဆန်ချွန်းက သတင်းမှာ ပြောပါတယ်။ မြန်မာနိုင်ငံအပြင် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း အလားတူ သင်တန်းကျောင်းတွေ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေကြတဲ့ ပြည်ပက အမျိုးသမီး ၂၅၀၀၀၀ လောက်ရှိရာမှာ  အင်ဒိုနီးရှားအမျိုးသမီးတွေက ၁၂၅၀၀၀ နဲ့ အရေအတွက်အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်က ၇၀၀၀၀နဲ့ မြန်မာအမျိုးသမီးက   ၅၀၀၀၀ လောက်ရှိမယ်လို့ Fast အဖွဲ့က ခန့်မှန်းထားပါတယ်။ စင်ကာပူ၊ထိုင်း၊ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံတွေကို အိမ်အကူအလုပ်သမားတွေ စေလွှတ်တာကို မြန်မာအစိုးရက ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားရာကနေ  ဧပြီ ၂၆ ရက်က ပြန်လည်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီးနောက် အိမ်အကူသင်တန်းကျောင်းဖွင့်ဖို့ အစီအစဉ် ဖြစ်လာတာပါ။ မြန်မာအမျိုးသမီးတွေ ပြည်ပမှာအိမ်အကူလုပ်တာကို အစိုးရက ပိတ်ပင်ခဲ့ပေမယ့် ထိုင်းနဲ့ စင်ကာပူ အပါအ၀င် နိုင်ငံရပ်ခြားမှာ မြန်မာအိမ်အကူ အလုပ်သမားတွေ အမြောက်အမြား  ဆက်လက်သွားရောက် လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ Ref: The Straits Times

A d v e r t i s e m e n t With Us

More News
Up