Home
မြန်မာသတင်း
ကမ္ဘာလုံးဆိုင်ရာ ယာဉ်၊ လမ်း အန္တရာယ်ကင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ်
DVB
·
May 6, 2019
ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ရာမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေနဲ့ မေ ၆ ရက်ကနေ ၈ ရက်အထိ ပညာပေး ဆုချီးမြှင့်တာတွေလုပ်ဆောင်မှာဖြစ်ပြီး မေ ၉ ရက်ကနေ ၁၁ ရက်အထိ စည်းကမ်းပျက်ယာဉ်မောင်းတွေကို အပြစ်ပေးအရေးယူမှာဖြစ်ပါတယ်။ အထူးသဖြင့် ယာဉ်မောင်းတွေ ခါးပတ်မပတ်တာတွေ၊ အရက်သေစာ သောက်စား မောင်းနှင်တာတွေ၊ လမ်းစည်းကမ်းချိုးဖောက်တာတွေကို အဓိကအရေးယူမှာပါ။ မော်တော်ဆိုင်ကယ်တွေကိုလည်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မောင်းနှင်ရင် အရေးယူတာတွေ လုပ်ဆောင်မှာပါ။ ရက်သတ္တပတ်စောင့်ကြည့် လှုပ်ရှားမှုကို ယာဉ်အန္တရာယ်၊ လမ်းအန္တရယ် ကင်းရှင်းရေးကောင်စီ (YRRSC)၊ WHO၊ Suu Foundation နဲ့ အခြားပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပြီး အင်အား ၅၀၀ ခန့်နဲ့ မေ ၆ ရက်ကနေ ၁၂ ရက်အထိ လုပ်ဆောင်မှာပါ။ ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024