စင်ကာပူတွင် ခေါင်မိုးပေါ် သစ်ပင်ဥယျဉ်ပါသည့် ဘတ်စ်ကားများ ပြေးဆွဲတော့မည် (ရုပ်သံ)
Published By
DVB | 6 May, 2019
1.2K
0
Share
0
Comment
0
Likes
စင်ကာပူနိုင်ငံမှာ ခေါင်မိုးပေါ် သစ်ပင်ဥယျဉ်ပါတဲ့ ဘတ်စ်ကားတွေ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
ဘတ်စ်ကားကုမ္ပဏီတွေ စွမ်းအင်နဲ့ ကုန်ကျစရိတ် သက်သာဖို့ လေ့လာရေး တစိတ်တပိုင်းအနေနဲ့ အဲဒီဘတ်စ်ကားတွေကို ပြေးဆွဲတာပါ။
The Garden on the Move လှုပ်ရှားမှုကို မေလ ၅ ရက်နေ့က စတင်ခဲ့ပြီး ခေါင်မိုးပေါ်မှာ သစ်ပင်ဥယျာဉ်ပါတဲ့ ဘတ်စ်ကား ၁၀ စီးဟာ စင်ကာပူမြို့ လမ်းမတွေပေါ်မှာ သုံးလကြာ ကနဦး ပြေးဆွဲသွားပါမယ်။
ကားခေါင်မိုးပေါ်မှာ တင်ထားတဲ့ အဲဒီဥယျာဉ်တွေဟာ မြေကြီးမသုံးဘဲ လေထုထဲက အစိုဓာတ်နဲ့ အမြစ်ကို အာဟာရ တိုက်ရိုက်ပေးတဲ့ နည်းပညာသုံးပြီး စိုက်ပျိးထားတာပါ။
ခေါင်မိုးနဲ့ ရေပြင်ညီအနေအထား ရှိတာကြောင့် ထိန်းသိမ်းရလွယ်ကူပြီး အလေးချိန်လည်း ပေါ့ပါးပါတယ်။
အဲဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်အရ အစိမ်းရောင် ခေါင်မိုးဥယျာဉ်တွေဟာ ဘတ်စ်ကားထဲက အပူချိန် လျော့ကျစေဖို့နဲ့ ဘတ်စ်ကားအတွင်း လေအေးပေးစက် အစားထိုးသုံးတာကြောင့် လောင်စာသက်သာတာကို အတည်ပြု လေ့လာဖို့လို့ သတင်းထုတ်ပြန်ချက်တခုက ပြောပါတယ်။
အဲဒီလှုပ်ရှားမှုကို GWS Living Art၊ Moove Media၊ National Parks Board (NParks)၊ Singapore Green Building Council (SGBC) နဲ့ Temasek Foundation တို့က ပူးပေါင်းစီစဉ်ခဲ့ပါတယ်။
ဒါဟာ စင်ကာပူနိုင်ငံ စိမ်းလန်းစိုပြည်ရေး အားထုတ်မှုကို ပိုပြီးဖြန့်ကျက်ဖို့ လှုပ်ရှားမှုတခုပါ။ ဒီလှုပ်ရှားမှုက အလားတူ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ စင်ကာပူနိုင်ငံမှာ သစ်ပင်တွေစိုက်ပျိုးဖို့ တွန်းအားတခု ဖြစ်မယ်ဆိုတာ ယုံကြည်တယ်လို့ NParks အဖွဲ့ ဒါရိုက်တာ မစ္စတာ အိုချေချန်က ပြောပါတယ်။