Home
မြန်မာသတင်း
ကမ္ဘာ့ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းစင်ရေး လုပ်ရှားမှု စတင်
DVB
·
May 6, 2019
59534123_1252648478244377_486485031447953408_o
59586263_1252648874911004_693488066974711808_o
59841128_1252648971577661_8546981637684985856_o
59777659_1252648618244363_5180231356457680896_o
59777200_1252648721577686_7589329906362744832_o
ကလေးမြို့ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက ဦးဆောင်ပြီး ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းစင်ရေး လုပ်ရှားမှု ရက်သတ္တပတ်ကို မေလ ၆ ရက်နေ့က စတင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုကနေ တရက် လူ ၁၄ ဦးနှုန်း သေဆုံးနေပြီး ယာဉ်အစီးရေ ၁ သောင်းမှာ ဖြစ်ပွားမှု ၇ ရာခိုင်နှုန်းကျော်ရှိနေတာကြောင့် ဒါတွေကို လျော့ကျစေဖို့ ကမ္ဘာ့နိုင်ငံတွေမှာလည်း ခုလို ပြုလုပ်နေတာလို့ ကလေးမြို့ ကညန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။ ခုလို ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းစင်ရေး ရက်သတ္တပတ် လုပ်ရှားမှုကို မေ ၆ ရက်ကနေ ၁၂ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး ကလေးမြို့ လူစည်ကားရာ နေရာတွေမှာ လှည့်လည် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှု ၅ ရက်ထဲမှာ မေလ ၁၁ နေ့ လှုပ်ရှားမှုကိုတော့ ကလေးမြို့ အဝေးပြေးကားကွင်း ယာဉ်ထွက်ချိန် ပြုလုပ်မှာဖြစ်ပြီး ခရီးသည်တွေကိုပါ ပညာပေးဟောပြောသွားမယ်လို့လည်း ကညန ခရိုင် ဦးစီးအရာရှိက ဆိုပါတယ်။ ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းစင်ရေး ရက်သတ္တပတ် လုပ်ရှားမှုမှာတော့ ကညန၊ မစက ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ စုပေါင်းပြီး “ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပါ၊ ယာဉ်မောင်းနေစဉ် ဖုန်း မပြောရ၊ မောတော်ဆိုင်ကယ်စီးလျှင် ၂ ဦးထက် ပိုမစီးရ၊ အရှိန်ပြင်းပြင်း မမောင်းရ” စတဲ့ စတစ်ကာ ၈ မျိုးကို ယာဉ်တွေကို ကပ်တာနဲ့ လက်ကမ်းစာစောင်ဝေတာတွေ ပြုလုပ်နေကြတာပါ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024