A d v e r t i s e m e n t With Us

တောင်ငူခရိုင်အတွင်းရှိ အင်းအချို့ လေလံတင်ရောင်းချမည်

ပဲခူးတိုင်း ဖြူးမြို့နယ်စည်ပင်ခန်းမမှာ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီအတွက် ဖြူး/အုပ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ အင်းတွေကို မေ ၂၄ မနက်ပိုင်းမှာ ပထမအကြိမ် လေလံတင်ရောင်းချသွားမယ်လို့ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါ လေးလံတင်ပွဲမှာ ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ ဖြူး၊ အုတ်တွင်း၊ ကျောက်ကြီးမြို့နယ်များမှ ဂရန်အင်း ၂၇ အင်းကို လေလံတင်ရောင်းချပေးသွားမှာဖြစ်ပြီး အခုလက်ရှိမှာ လေလံစည်းကမ်းတွေကိုလည်း ကြော်ငြာဖြန့်ဝေတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ "အခုလက်ရှိတော့ ကျမတို့က လေလံစည်းကမ်းတွေကို ကြော်ငြာပေးနေတယ်။ နောက်ပြီး သိရှိချင်တာတွေကို ရုံးကိုလာမေးနိုင်ပါတယ်။ လေလံကိုတော့ အင်းနဲ့နီးတဲ့ ဒေသတွင်းက လူတွေပဲရမှာပါ။ မြို့နယ်အလိုက် အင်းတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချပေးသွားမှာပါ"လို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ လေလံတင်ရောင်းချမယ့် အင်းတွေကတော့ ဖြူးမြို့နယ်မှာ ၄ အင်း၊ အုတ်တွင်းမြို့နယ်မှာ ၆ အင်းနဲ့ ကျောက်ကြီးမြို့နယ်မှာ ၁၇ အင်းတို့ ပါဝင်ပါတယ်။ အဆိုပါမြို့နယ် ၃ ခုမှာ အင်းပေါင်း ၅၇ အင်းရှိပြီး အင်းသုံးခုမှာ သဲနှုန်းတွေ ဖုံလွှမ်းပြီး ကောသွားတဲ့အတွက် လေလံမတင်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ အင်းရာသီအတွက် အင်းလေလံရောင်းချခဲ့ပြီး အင်းခွန်ငွေ သိန်း ၈၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up