ဒီနေ့ ပြည်ထောင်စုလွှတ်တော်အခြေအနေ မေးမြန်းချက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုလိုက်ပြီ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်မှာ တက်ရောက်သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအံ့ဘုန်းမြတ်ကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း
ဒီနေ့ ကျင်းပပြုလုပ်နေတဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ငါးကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပါတီစုံက လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ရှိနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးမယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေကို နေပြည်တော်မှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် အံ့ဘုန်းမြတ်က တွေ့ဆုံမေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း
ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကိုပေးပို့လာတဲ့ ၂၀၁၂ - ၂၀၁၃၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။