အာဆင်နယ်နှင့် ဘရိုက်တန် ၁ ဂိုးစီ သရေကျ (ရုပ်သံ)
Published By
DVB | 6 May, 2019
1.6K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ တဂိုးစီ သရေကျသွားလို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အိပ်မက်တွေ အဆုံးသတ်သွားပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ပွဲအစ ၉ မိနစ်မှာပဲ တိုက်စစ်မှူး အူဘာမီယန်းသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ နိုင်ပွဲ မရှိသေးပါဘူး။ ဒီပွဲမှာ ဘရိုက်တန်က အာဆင်နယ်တိုက်စစ်ကို ကြံ့ကြံ့ခံ ကစားနိုင်ခဲ့ပါတယ်။
ဘရိုက်တန်အတွက် ချေပဂိုးကို ၆၁ မိနစ်မှာ ပယ်နယ်တီကတဆင့် မာရေးက သွင်းယူပါတယ်။
ဒီပွဲသရေကျလို့ အာဆင်နယ်က ၆၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၃ မှတ်အကွာမှာ ရှိနေပါတယ်။
ဘရိုက်တန်ကတော့ ၃၆ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။