ရင်ဖွင့်စာ
DVB
·
May 5, 2019
ပဲခူး-ရန်ကုန်ကားတွေ ယာဉ်စီးခ တိုးတောင်းတာ ဘယ်သူ့တိုင်ရမလဲ ပဲခူး-ရန်ကုန်ကားတွေက ယာဉ်စီးခ ပုံမှန် ၁၀၀၀ ကျပ်ပါ။ ရန်ကုန်ကနေ ညနေ ၇ နာရီ၊ ကျော်မှ ၈ နာရီကျော်မှ စတင်စီးရတဲ့အခါမျိုးမှာ ၁၅၀၀ ကျပ်တောင်းပါတယ်။ ၅၀၀ ကျပ်အမြတ်တင်ပါတယ်။ သင်္ကြန်မတိုင်ခင် ၁၂ ရက်နေ့ညနေကလည်း ၁၅၀၀ ပေးရပါတယ်။ သင်္ကြန်ပြီးတော့လည်း တနေကုန် ၁၅၀၀ ကျပ်တောင်းပါတယ်။ ပဲခူး-ရန်ကုန် ကားတွေအတွက် ဘယ်သူက တာဝန်ရှိပြီး၊ ဘယ်သူ့ကို တိုင်ကြားနိုင်မလဲ မသိရဘူးဖြစ်နေပါတယ်။ အဲလို လုပ်ချင်တိုင်း လုပ်လို့ရနေမှာလားဗျာ။ Ywet Thit   Talk2DVB ကနေ ဒုတိယအကြိမ် ထပ်ဖတ်ပေးပါ မတ် ၂၈ ရက်နေ့က ဒီဗွီဘီမှာ ဖတ်ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ လေထောင့်ကန်လမ်းမက စည်းကမ်းမဲ့ဈေးသည်နဲ့ ဆ/က ရပ်ကွက်၊ အမက ၉ ကျောင်းရှေ့ရှိ စည်းကမ်းမဲ့ ဈေးသည်တွေကိစ္စကကို အခုထိ ဖယ်ရှားခြင်း မရှိသေးလို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမက စည်းကမ်းမဲ့ဈေသည်တွေနဲ့ ဆ/က ရပ်ကွက် အမက ၉ ကျောင်းရှေ့ရှိ စည်းကမ်းမဲ့ ဈေးသည်တွေကိစ္စကို ဒုတိယအကြိမ် ပြန်လည်ဖတ်ကြားပေးပါဖို့နဲ့ အထက်လူကြီး သိအောင်ပြောကြားပေးပါဖို့ တိုင်ကြားအပ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတဦး   သက်ဆိုင်ရာ လူကြီးမင်းတွေ သိအောင်ပြောပေးပါ ကျမတို့ ရန်ကုန်တိုင်း၊ မင်္ဂဒုံမြို့နယ်၊ ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်၊ ချမ်းသာအေးလမ်း (သစ်တောဥပဒေအရ မီးသွေး ရောင်းချ/သိုလှောင် တရားဝင်လိုင်စင် ရှိ မရှိမသိပါ) မီးသွေးတွေကို ကားကြီး ကားငယ်တွေနဲ့ သိုလှောင်ရောင်းချနေပါတယ်။ အဲဒီမီးသွေး ဂိုဒေါင်မှာ ညဘက် တဦးတယောက်မှမရှိဘဲ ဖြစ်သလိုထားရာ အခုအခါ အလွန်းပူပြင်းတဲ့ နွေရာသီ ကျရောက်ခဲ့ပြီဖြစ်လို့ မီးသွေးတွေက သူအလိုလို မီးဖြစ်တတ်တယ်လို့ သိရပါတယ်။ သို့ဖြစ်ပါ၍ တာဝန်ရှိလူကြီးတွေ မသိခြင်းဘဲလား သိလျှက်နဲ့ မသိယောင်ဆောင်လားမသိပါ မီးဘေးရှောင် မလောင် ခင်တားဆိုစကားနဲ့အညီ သက်ဆိုင်ရာလူကြီးတွေ မင်းသိစေဖို့ ပြောပေးပါဦးရှင့်။   ကန်သာယာရပ်ကွက် နေ့ည မီးပျက်နေတာ စစ်ဆေးပေးပါ ကျမက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၅၆ ၅၇ လမ်းကြား ၄ ရပ်ကွက်မှာနေသူပါရှင်။ ကျမတို့ရပ်ကွက်မှာ ခုတလောမီးတွေ အရမ်းပျက်ပါတယ်ရှင်။့ ဖုန်းဆက်ပြောရင်လည်း လိုင်းအောက်လို့၊ workshop လုပ်နေလို့ ကြိုးပြင်နေလို့ စသဖြင့် အကြောင်းပြချက်တွေ ပေးပါတယ်ရှင့်။ ညဆိုရင် အေးအေးလူလူလေး ပန်ကာလေးဖွင့်ပြီး အနားယူချင်ပါတယ်ရှင့်။ ခုဟာက ညတိုင်းညတိုင်း အမြဲခဏခဏ မီးပျက်နေတဲ့ဒဏ်ကို ရပ်ကွက်နေပြည်သူတွေ ခံနေရတာ နှစ်တိုင်းပါရှင့်။ နေ့ခင်းဆိုလည်း မီးမမှန်ပါဘူး။ ခုလိုနွေရာသီဆို ကျမတို့ရပ်ကွက်ကို အမြဲ မီးဖြတ်နေတာတွေကို စစ်ဆေး အရေးယူ ဆောင်ရွက်ပေးလို့ ဒီဗွီဘီကတဆင့် ပန်ကြားအပ်ပါတယ်။ ကန်သာယာရပ်ကွက်သူ ကြက်ဝိုင်း၊ ဂျင်ဝိုင်းများဖြင့် စည်ကားနေသည့် သန်းပင်ရွာ နှင့် လယ်ကြီးကျေးရွာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးရဲစခန်းအပိုင် သန်းပင်ရွာ နဲ့ လယ်ကြီးကျေးရွာတွေမှာ ကြက်ဝိုင်း၊ ဂျင်ဝိုင်းနဲ့ ဂလုပ်ဂလုပ်ဝိုင်း စတဲ့ လောင်းကစားခြင်းများကို အကြီးအကျယ်လုပ်နေပါတယ်။ ယင်းကိစ္စကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့စွဲနဲ့ ကျောက်ပန်းတောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့မရဲစခန်း၊ ပုပ္ပားရဲစခန်းတို့ကို စာနဲ့တိုင်ကြားခဲ့ပေမယ့် ခေတ္တခဏသာ နားပြီး အခုဆက်ပြီး လုပ်နေကြပါတယ်။ တပတ်ကို အဆိုပါလောင်းကစားဝိုင်းတွေအတွက် ၃၀၀၀၀၀ ကျပ်ပေးရပြီး ကျေးရွာအတွင်း နှစ်လံးထီ ဒိုင်တွေကတော့ တပတ် ၂၀၀၀၀ ကျပ်ပေးရပါတယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းကို ပေးရသည်ကိုတော့ မပြောလိုတော့ပါ။ လောင်းကစား လုံးဝပပျောက်အောင် ကူညီပေးပါခင်ဗျာ။ လောင်းကစားကြောင့် မွဲတဲ့သူတွေကတော့ မွဲနေပါပြီဗျာ။ လယ်ကြီးရွာသားတဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024