ဖားကန့်တွင် မြေစာပြိုကျသဖြင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာတွေ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေလ ၄ ရက်နေ့ ညနေ ၅ နာရီလောက်က ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာအနီး ဇာဗွေ(၁၆) သက်တမ်းကုန် လုပ်ကွက်ဟောင်းအနီး အမြင့်ပေ ၃၀၀ လောက်ရှိ ကမ်းပါးယံမှာ ကျော်ရဲနိုင် (၂၆) နှစ်အပါအ၀င် ၄ ဦးတို့ဟာ လက်လုပ်ကျင်းတူးပြီး ရေမဆေးကျောက်ရှာဖွေနေစဉ် ကျင်းအပေါ်ရှိ အမြင့်ပေ ၅၀၀ လောက်က မြေစာတွေ ပြိုကျတဲ့အတွက် ရေမဆေးရှာသူ ၄ ဦး မြေစာတွေနဲ့အတူ မျောပါသွားခဲ့တာပါ။ မြေစာများပြိုကျမှုကြောင့် ကျော်ရဲနိုင်ပါ ၂ ဦးမှာ ဦးခေါင်းကြေမွပေါက်ပြဲ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာပင် သေဆုံးသွားခဲ့ပြီး ဇော်ဟိန်း (၃၅) နှစ်မှာ နှာခေါင်း၊ ပါးစပ်သွေးထွက်၊ ယာပေါင်ကျိုးဒဏ်ရာတွေ (စိုးရိမ်ရ) နဲ့ ထွန်းထွန်းဝင်း (၄၃) နှစ်မှာတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့  ဖားကန့်ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားပါတယ်။ ကျော်ရဲနိုင်ပါ ၂ ဦး သေဆုံးမှုကို ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up