A d v e r t i s e m e n t With Us

ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့ ကိုယ်ဟန်လာပြသည့် စင်ရော်နှစ်ကောင် ရေပန်းစား (ရုပ်သံ)

ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့မှာ မကြာခဏ ကိုယ်ဟန်လာပြနေတဲ့ ပင်လယ်စင်ရော် လေးနှစ်ကောင်အကြောင်းဟာ အင်္ဂလန်နိုင်ငံက သတင်းတွေမှာ အထူးရေပန်းစာနေပါတယ်။ ဒီစင်ရော်လေးတွေကို ယာဉ်ကြောစောင့်ကြည့်ရေး ဝန်ထမ်းတွေက ဂရေမီနဲ့ စတိဗ်လို့ နာမည်ပေးထားပြီး သူတို့ကို ဧပြီ ၂၉ ရက်နေ့က စတင်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာလည်း သူတို့ထဲက တကောင်ဟာ လန်ဒန်မှာရှိတဲ့ လန်ဒန်သယ်ယူပို့ဆောင်ရေး အေဂျင်စီက တပ်ဆင်ထားတဲ့ ကင်မရာရှေ့ကို ရောက်ရှိလာပြီး အနီးကပ်စူးစမ်းလေ့လာခဲ့တာကြောင့် ဗွီဒီယိုမှတ်တမ်းမှာ သူ့ရဲ့ ချစ်စဖွယ်ပုံစံလေးကို မြင် တွေ့ခဲ့ရပါတယ်။ “စင်ရော်ငှက်လေးနှစ်ကောင်ကို ဘလက်ဝေါလှိုဏ်ခေါင်းနားက နေရာတခုမှာ ပုံမှန်မြင်တွေ့ရတယ်” လို့ အေဂျင်စီအဖွဲ့က Reuters သတင်းဌာနကိုပေးပို့တဲ့ အီးမေးလ်မှာ ရေး သားထားပါတယ်။ “ကျနော်တို့ရဲ့ ကင်မရာတွေက လန်ဒန်တမြို့လုံးမှာရှိတဲ့ ယာဉ်ကြောမြင်ကွင်းတွေကို အထက်စီးကနေ မြင်တွေ့ရဖို့ ကျနော်တို့ကို ကူညီပေးပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့  ကင်မရာရှေ့ကို မကြာခဏရောက်ရှိလာတဲ့ ဂရေမီနဲ့ စတိဗ်တို့ကိုလည်း အနားချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ အီးမေးလ်မှာ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up