A d v e r t i s e m e n t With Us

တော်လှန်သော ဘလို့ချီနယ်သားတွေရဲ့ ဂီတ

ပါကစ္စတန်က ဘလို့ချီစတန်ခရိုင်ဟာ ခွဲထွက်ရေးအတွက် လက်နက်ကိုင်ပုန်ကန်မှုတွေရဲ့ ဗဟိုချက်ဖြစ်ခဲ့တာ ၂၀၀၀ ခုနှစ်ကတည်းကလို့ ဆိုရမှာပါ။ လူထောင်ပေါင်းများစွာ လည်း ပျောက်ဆုံးနေပါတယ်။ ဘလို့ချီစတန်ခရိုင်ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုမှာ တော်လှန်ရေး သီချင်းတွေဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့တဲ့အတိုင်း၊ ဂီတသမားတွေကို ပါကစ္စတန် စစ်တပ်က မျက်နှာသာမပေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အဲဒီဒေသက လူသိများတဲ့ အဆိုတော်တယောက်ကို ပါကစ္စတန် စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ တခြားအဆိုတော်တွေလည်း တော်လှန်ရေးသီချင်းကို ဆိုတဲ့အတွက် နှိပ်စက်ခံရ၊ ထောင်သွင်းအကျဉ်းချခံနေရပါတယ်။ သတင်းထောက် နေအမ် ဆဟာတာရာ က ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ ဘလို့ချီနယ်သား အဆိုတော်တွေနဲ့ တွေ့ဆုံပြီး သတင်းဆောင်းပါး ပေးပို့ထားတာကို မယုယမိုးက တင်ပြပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up