ဂျာမနီနိုင်ငံ နေရာအနှံ့အပြားတွင် ဆီးနှင်းများ ဖုံးလွှမ်း
ဂျာမနီနိုင်ငံ နေရာတော်တော်များများမှာ မေလ ၄ ရက်က နှင်းတွေ ကျဆင်းပြီး လမ်းတွေ သစ်ပင်တွေနဲ့ လူနေအိမ်တွေပေါ်မှာ ဆီးနှင်းတွေ ဖုံးအုပ်နေပါတယ်။
ဂျာမနီနိုင်ငံမှာ နွေရာသီရောက်ဖို့ သီတင်းပတ် အနည်းငယ် အလိုမှာ အခုလို ဆီးနှင်းတွေ ကျလာခဲ့တာပါ။
လေအေးတွေဟာ တောင်ဘက်ယွန်းယွန်းကို ဆက်ရွေ့နေပြီး ညအချိန်တွေမှာ အအေးပိုတယ်လို့ ဂျာမနီ မိုးလေ၀သဌာန DWD က ပြောပါတယ်။
“မေလမှာ နှင်းတွေကျတာက အံ့သြစရာပါပဲ။ ညဘက်တွေမှာ နှင်းပိုကျတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။