ဒုံးကျည် ပစ်လွှတ်စမ်းသပ်သည့် လေ့ကျင့်ရေးကို ကင်ဂျုံအန်ကိုယ်တိုင် ဦးစီး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စစ်ရေးလေ့ကျင့်မှုတခုကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင် KRT ရုပ်သံသတင်းဌာနက မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဘက်စုံသုံး ဒုံးကျည် ပစ်စင်တွေ ပစ်လွှတ်စမ်းသပ်တဲ့ လေ့ကျင့်ရေးကို ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင်  ဦးစီးခဲ့တယ်လို့ KRT သတင်းဌာနက ပြောပါတယ်။ တာဝေးပစ် ဘက်စုံသုံး ဒုံးကျည်ပစ်လွှတ်စင်တွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့နဲ့ စစ်လက်နက်ဆိုင်ရာ နည်းဗျူဟာ လမ်းညွှန်ချက်ကို စမ်းသပ်ဖို့ အခုလို လေ့ကျင့်ရေးလုပ်တာလို့ အဲဒီသတင်းဌာနက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေမြင့်တက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့နဲ့ မြောက်ကိုရီးယားဘက်က တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်နေတာကိုလည်း  စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ တောင်ကိုရီးယား အစိုးရက မေလ ၄ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အဲဒီလုပ်ရပ်ဟာ ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးသဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်တော်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up