ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်လဲလှယ်ပါက သုံးစွဲသူများ ဆုံးရှုံးနိုင်
ပိုင်စိုး
·
May 5, 2019
ဒစ်ဂျစ်တယ်ငွေကြေးကို ရောင်းဝယ်လဲလှယ်ရင် သုံးစွဲသူတွေမှာ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
အခုအခါ ဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Bitcoin (BTC)၊ Litecoin (LTC)၊ Ethereum (ETH) နဲ့ Perfect Money (PM) စတာတို့ကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်တွေ၊ ဝက်ဘ်ဆိုဒ်တွေကနေ ရောင်းဝယ် လဲလှယ်တာလုပ်နေတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာ မရှိသလို ဒါကို ရောင်းဝယ်လဲလှယ်ဖို့ ငွေကြေးအဖွဲ့အစည်းတွေကို ခွင့်ပြုထားတာလည်း မရှိဘူးလို့ ထုတ်ပြန်ဖော်ပြပါတယ်။
ဒါကြောင့် ဗဟိုဘဏ်က ခွင့်ပြုမထားတဲ့ Cryptocurrency အပါအဝင် ဒစ်ဂျစ်တယ် ငွေကြေးတွေကို အွန်လိုင်းက ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ရောင်းဝယ်လဲလှယ်တာတွေ လုပ်မယ်ဆိုရင် သုံးစွဲဆောင်ရွက်သူတွေမှာ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။