Home
မြန်မာသတင်း
အပူ​ရှောင်သည့်အနေဖြင့် နမ့်ဗေး​ရေတံခွန်​တွင် လာ​ရောက်​အပန်း​ဖြေသူ များပြား (ရုပ်သံ)
DVB
·
May 5, 2019
နွေရာသီ အလွန်​ပူပြင်းတဲ့အချိန်​မှာ အပူ​ရှောင်​တဲ့အ​နေနဲ့ ​တောင်​ကြီးမြို့နယ်​ နမ့်​​ဗေးရွာ အနီး နမ့်​​ဗေး​ရေတံခွန်​မှာ လာ​ရောက်​အပန်း​ဖြေ ​ရေကစားသူ ပိုမိုများပြား​နေပါတယ်​။ ​တောင်​ကြီးမြို့​တောင်​ဘက်​ မိုင်​တိုင်​ ၃၀ ​ကျော်​ရှိ နမ့်ဗေး​ရေတံခွန်​ဟာ အလွန်​သာယာ​ အေးမြတဲ့​ရေ​တွေ​ကြောင့်​ လာ​ရောက်​အပန်း​ဖြေသူ များ​နေတာပါ။ ​​ရေတံခွန်မှာ လာ​ရောက်​အပန်း​ဖြေသူအတွက်​​ ရေကစားရာမှာ ​နမ့်ဗေး​ရွာသား​​တွေက ၅ ​ယောက်​ အဖွဲ့ဖွဲ့ပြီး ရှစ်ဖွဲ့ကို အလှည့်ကျ​​ကယ်​ဆယ်​​ရေး​နဲ့ လုံခြုံ​ရေး​တွေ ထား​ပေးပါတယ်​။ နမ့်​​ဗေး​ရေတံခွန်​ဟာ သဘာဝ​ရေတာ​ဘောင်​​ကြောင့် အလွန်​လှပတဲ့ ​ရေတံခွန်​ဖြစ်​ပြီး လူမှုစာမျက်​နှာမှ လူသိများပြီး လာ​ရောက်​အပန်း​ဖြေကြတာပါ။ အထူးသဖြင့် အခါကြီးရက်​ကြီး၊ လပြည့်လကွယ်​နဲ့ ရုံးပိတ်​ရက်​​တွေမှာ လာ​ရောက် ​အပန်း​ဖြေ သူပိုများတယ်​လို့ ဆိုပါတယ်​။ လာ​ရောက်​အပန်း​ဖြေ ​ရေကစားသူ​တွေအတွက်​ အသက်​အန္တရယ်​မရှိဖို့ ​ရေနက်​တဲ့​ နေရာမှာ ကြိုးတန်းထား​ပေးပြီး စည်းကမ်းချက်​​တွေလည်းသတ်​မှတ်​​ပေးပါတယ်​။ အဲဒီ​ရေတံခွန်​ဟာ​ တောင်​ကြီးမြို့မှ ကားနဲ့တနာရီ​ကျော်​ခရီးနဲ့ သွား​ရောက်​လည်​ပတ်​လို့ ရပြီး နမ့်​​ဗေးရွာအဝင်​နားမှာ ဖုန်​ထူတဲ့လမ်းဖြစ်​တဲ့အတွက်​​ ဒေသခံ​တွေပြင်​ဖို့ကြိုးစား​နေပါတယ်​။ တရက်တရက် လာ​ရောက်​အပန်း​ဖြေသူ ၂၀၀ ဝန်းကျင်​ရှိပြီး ဂိတ်​​ပေါက်​ဝမှာ အလှူခံ ထားသလို ရရှိလာတဲ့အလှူငွေကို လမ်း​တွေပြုပြင်​သွားမယ်​လို့ ​ဒေသခံ ​တွေက​ပြောပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024