၇၃ ကြိမ်မြောက် မီးသတ်တပ်ဖွဲ့နေ့ နေပြည်တော်တွင် ပြုလုပ် (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 5, 2019
ဒီကနေ့ မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၃ ကြိမ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော်မှာရှိတဲ့ ဥပါတသန္တိဘုရားကွင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ယာဉ်တိုက်မှုကြောင့် ကားမီးလောင်ပြီး ကားအတွင်းပိတ်မိနေတဲ့ လူနာတွေကို ကယ်တင်တဲ့ သရုပ်ပြသမှုတွေ၊ ဆေးရောင်စုံနဲ့ ဖျန်းပက်သရုပ်ပြသမှုတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက သရုပ်ဖော်ပြသခဲ့ကြတာပါ။