မုန်တိုင်းကြောင့် အိန္ဒိယတွင် လူ ၁၂ ဦး သေဆုံး

၅ နှစ်အတွင်း အိန္ဒိယနိုင်ငံကို ၀င်ရောက်တဲ့ အားအပြင်းဆုံး မုန်တိုင်းဆိုင်ကလုန်း ဖန်နီကြောင့်  မေ ၄ ရက်က သြရိသပြည်နယ်မှာ လူ ၁၂ ယောက် ထက်မနည်းသေဆုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၄ ယောက် သေဆုံးခဲ့ပါတယ်။ မေလ ၃ ရက်အစောပိုင်းက အိန္ဒိယနိုင်ငံကို  မုန်တိုင်း ၀င်ရောက်ခဲ့ပြီးနောက် အားပျော့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၀င်ရောက်ချိန်မှာတော့ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်   ပြောင်းလဲသွားတယ်လို့ အိန္ဒိယ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် မုန်တိုင်းအရှိန်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနိမ့်ပိုင်း ကမ်းရိုးတန်းက  တမံတွေကျိုးပျက်ပြီး ဒါဇင်နဲ့ချီတဲ့ ရွာတွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒါကာမြို့ ဘေးအန္တရာယ် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မုန်တိုင်းဝင်ရောက်နိုင်တဲ့ ဒေသတွေက ပြည်သူ ၁ ဒသမ ၂ သန်းလောက်ကို ခိုလှုံရေးစခန်း ၄၀၀၀ ဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့  တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် ဆိုင်ကလုန်းရာသီဟာ ဧပြီလကနေ ဒီဇင်ဘာလအထိ ကြာမြင့်တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up