Home
မြန်မာသတင်း
မ​ကွေးမြို့ တိုးဂိတ်​အနီးတွင် ကွန်​တိန်​နာတွဲကားတ​စီး မီး​လောင်
DVB
·
May 5, 2019
59778430_2047455285555922_8717037672314437632_o
59655478_2047455325555918_8153369497282019328_o
59584696_2047455398889244_8847027022191394816_n
59429817_2047455255555925_3848657380048896000_o
59087089_2047455348889249_4143660464359866368_n
မ​ကွေးမြို့ ​တောင်​တွင်းလမ်း တိုးဂိတ်​အနီးမှာ ​မေ ၄ ရက်​​နေ့ ​နေ့လယ်​ပိုင်းက ​ရှေ့ဘရိတ်​ရှူးငြိပြီး အပူလွန်​ကဲရာက​နေ ကွန်​တိန်​နာ တွဲကားတ​စီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ ရန်​ကုန်​ကနေ မင်းဘူးကို ​စောဇင်​​ မောင်း​နှင်​လာတဲ့ ၁၈ ဘီး FUSO အမျိုးစား ကွန်​တိန်​နာတွဲကားဟာ အချိန်​ကြာမြင့်စွာ​မောင်းနှင်​လာလို့ ​ရှေဘရိတ်​ရှူး ငြိပြီး အပူလွန်​ကဲကာ မီး​လောင်​မှုဖြစ်​ပွားခဲ့တာပါ။ မီး​လောင်​ကျွမ်းတဲ့ ​နေရာကို မ​ကွေးခရိုင်​ မီးသတ်တာဝန်ရှိသူတွေက မီးသတ်​ယာဉ်​ ၄ စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြပါတယ်။ မီး​လောင်​မှု​ကြောင့် ကွန်​တိန်​နာ(တွဲ)ကား ​ခေါင်းခန်း နဲ့​ ရှေ့တာယာ​တွေ မီးလောင်​ကျွမ်းခဲ့ပြီး ကျပ်​ ၁၅ သိန်းဖိုးလောက် ပျက်​စီးဆုံးရှုံးခဲ့တယ်​လို့ မ​ကွေးနယ်​​မြေစခန်းမှူးက ဒီဗွီဘီကို ​ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ယာဉ်​​မောင်း ​စောဇင်​ကို မ​ကွေးနယ်​​မြေရဲစခန်းမှာ မီး​ပေါ့ဆမှု ရာဇသတ်​ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့သိရပါတယ်​။ သတင်း-မင်းထီး၊ ဓာတ်​ပုံ-ဇွဲသူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024