ချဲလ်ဆီးကစားသမား ဝီလီယံကို ပေါင်သန်း ၃ဝ ဖြင့် ခေါ်ယူရန် ဘာစီလိုနာကြိုးစားမည်

1.5K
ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဝီလိယံကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ထပ်မံကြိုးစားမယ်လို့ သိရပါတယ်။
ဝီလီယံကို ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။
လက်ရှိ တောင်ပံမှာ ကစားနေတဲ့ မလ်ကွန်ကို ဖိအားပေးနိုင်ဖို့အတွက် ဝီလီယံကို ခေါ်ယူချင်တာဖြစ်ပြီး ကစားသမားအနေနဲ့လည်း စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ဆက်နေဖို့ တရာသီပဲ ကျန်တာကြောင့် အပြောင်းအရွှေ့က အမှန်တကယ် ဖြစ်လာဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဘက်ကလည်း ဝီလီယံကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှ ထွက်ခွာခွင့် ပေးခဲ့မယ်ဆိုရင် အကျိုးအမြတ်မရမှာ ဆိုးတာကြောင့် မကြာခင် သဘောတူသွားဖွယ်ရှိပါတယ်။
ချဲလ်ဆီးအသင်းကနေ လက်ရှိ ထွက်ခွာမယ့် ကစားသမားတွေကတော့ ၅ ယောက် ထက်မနည်း ရှိနေပြီး ဟာဇက်၊ ပက်ဒရို၊ အိုဒွိုင်းတို့လို ကစားသမားတွေလည်း ပါဝင်နေပါတယ်။