ကစားသမားဝယ်ယူရန်အတွက် စပါးနည်းပြကို ပေါင်သန်း ၁၀၀ ခွင့်ပြုမည်

စပါးအသင်းရဲ့ ဥက္ကဋ္ဌ ဒန်နီရယ်လီဗီကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ နည်းပြပိုချက်တီနိုအနေနဲ့ စိတ်ကြိုက်ကစားသမား ဝယ်ယူနိုင်ရေးအတွက် ပေါင်သန်း ၁၀၀ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ပိုချက်တီနိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလက ပီအက်စ်ဂျီအသင်းက လူးကပ်စ်မော်ရာကို နောက်ဆုံးခေါ်ယူခွင့် ရရှိထားခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ကွင်းသစ်တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်များပြားခဲ့တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းမှာရှိတဲ့ လူစာရင်းနဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပိုချက်တီနိုရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ထိပ်သီး ၃ သင်းစာရင်းဝင်အောင် စွမ်းဆောင်ထားနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပါတယ်။ စပါးအသင်းရဲ့ နောက်ပိုင်းနှစ်တွေမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး အသင်းရဲ့ ဥက္ကဋ္ဌနဲ့  ဘုတ်အဖွဲ့ဝင်တွေအပါအဝင် ပရိသတ်တွေကလည်း ကျေနပ်အားရ နေပါတယ်။

More News
Up