နယူးကာဆယ်ကို အနိုင်ယူပြီး လီဗာပူး အမှတ်ပေးဇယား ဦးဆောင် (ရုပ်သံ)

1.5K
မနေ့ည ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက နယူးကာဆယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ကို ပြန်တက်လာနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ ဗန်ဒိုက်က သွင်းယူပါတယ်။ နယူးကာဆယ်အတွက် ချေပဂိုးကို မိနစ် ၂၀ မှာ သွင်းယူပါတယ်။ လီဗာပူးအတွက် ဒုတိယဂိုးကို ၂၈ မိနစ်မှာ တိုက်စစ်မှူး ဆာလက်က သွင်းယူပါတယ်။
လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် နယူးကာဆယ်က ဂိုးသွင်းခွင့် ပိုရခဲ့ပါတယ်။ နယူးကာဆယ်အတွက် ဒုတိယချေပဂိုးကို ၅၄ မိနစ်မှာ ရွန်ဒွန်က သွင်းယူပါတယ်။
၂ ဂိုးစီ သရေနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း အနိုင်ဂိုးကို ၈၆ မိနစ်မှာ အိုရီဂီက သွင်းယူပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် တပွဲပဲ ကျန်တော့တဲ့ လီဗာပူးက လတ်တလော အမှတ်ပေးဇယားမှာ ၉၄ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ နယူးကာဆယ်ကတော့ ၄၂ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။