Home
မြန်မာသတင်း
တောင်​ငူတွင် ​လူစီးအမြန်​ရထားနှင့်​ သစ်​​တင်​​ကား တိုက်​မိ
DVB
·
May 4, 2019
ပဲခူးတိုင်းေ​ဒ​​သကြီး တောင်​ငူမြို့နယ်​  ကံရုံး​​ကျေးရွာအုပ်စုေ​ညာင်​သုံးပင်​​ကျေးရွာ အဝင်​ရထားသံလမ်းမှာ ဒီက​နေ့မနက်​က လူစီးအမြန်ရထားနဲ့ သစ်တင်ကားတစီး တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဦးကြည်​ထွန်း မောင်း​နှင်​လာ​တဲ့ ၃၂ အစုန်​လူစီးအမြန်​ရထားနှဲ့ ​နေမျိုး​အောင် ​(ခ) ချက်​​ကြီး ​မောင်​နှင်​ပြီး မျိုးသူလိုက်​ပါလာ​တဲ့ ပျဉ်းကတိုးအကြမ်းပြားသစ်​တွေ တင်​​ဆောင်​လာတဲ့ ကားတို့ တိုက်မိခဲ့ကြတာပါ။ “ကား​မောင်းသမားက လူငယ်​ပဲရှိ​သေးတယ်​။ နားကြပ်​လည်း တပ်​ထား​တော့ ရထားသံကိုမကြားဘူးနဲ့တူတယ်​။ သူကရထားကို ရုတ်​တရက်​​တွေ့​တော့ ​ကြောင်​သွားတယ်​နဲ့ တူတယ်​။ ကန့်​လန့်​တိုက်​မိတာဆို​တော့ တယဥ့်တိုက်​ပါလာတာ။ ကား​ရောလူ​ရော တစ်​ဖာလုံ ဝန်းကျင်​​လောက်​​တော့ရှိမယ်​။ ဖြစ်​တာက မနက်​ ၁၀ နာရီ ၄၀​ ​လောက်​ကပါ”  လို့ စက်​​ခေါင်း​မောင်း ဦးကြည်​ထွန်းက ​ပြောပါတယ်​။ အခုလို ရထားနဲ့ ကား တိုက်​မိတာ​ကြောင့် ယာဉ်​​မောင်း  နေမျိုး​အောင်​နဲ့ ယာဉ်​​ပေါ်ပါလာတဲ့ မျိုးသူတို့နှစ်​ဦး သတိလစ်​​မေ့​မြော​နေလို့ေ​တာင်​ငူ​ဆေးရုံကြီးမှာ ​ဆေးဝါးကုသမှုခံယူနေရပါတယ်​။ ယာဉ်​မဆင်​မခြင်​​မောင်းနှင်​သူ ​နေမျိုး​အောင်​အား ​တောင်​ငူမြို့မစခန်းက မီးရထားလုပ်​ငန်း ပို့​ဆောင်​​ရေးဥပ​ဒေပုဒ်​မ ၈၅ အရ အမှုဖွင့်​အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ သတင်းနှင့်ဓာတ်​ပုံ - သားကြီး (​တောင်​ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024