အမေရိကန်ရှေ့နေချုပ် ကွန်ဂရက်ကို လိမ်ညာဟု အောက်လွှတ်တော်ဥက္ကဋ္ဌ စွပ်စွဲ

အမေရိကန် ရှေ့နေချုပ် ၀ီလီယမ်-ဘားစ်ဟာ ကွန်ဂရက်ကို လိမ်ညာတယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီက စွပ်စွဲပြောကြားလိုက်ပြီး ဥပဒေအထက်မှာ ရှေ့နေချုပ်ရော သမ္မတပါ မရှိဘူးလို့ ပြောလိုက်ပါတယ်။ မေလ ၁ ရက်နေ့က ရှေ့နေချုပ် ၀ီလီယမ် ဘားစ်ဟာ သူရဲ့ ရောဘတ်မူလာအစီရင်ခံစာ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အထက်လွှတ်တော် ကော်မတီရှေ့မှောက်မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။ ရှေ့နေချုပ် ဘားစ်ဟာ အစီရင်ခံစာရဲ့ အဓိက နိဂုံးတွေကို ပြင်ဆင်ခဲ့တာနဲ့  ပတ်သက်လို့ ဝေဖန်ခံနေရပါတယ်။ ဘားစ်ရဲ့ အစီရင်ခံစာကို သမ္မတ ထရမ့်က လက်ကိုင်ပြုပြီး သူဟာ လုံးဝ အပြစ်မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မေလ ၂ ရက်နေ့မှာ အောက်လွှတ်တော် ဥက္ကဌ နန်စီပယ်လိုစီက “ရှေ့နေချုပ် ဘားစ်ဟာ ကွန်ဂရက်ကို လိမ်ညာခဲ့တယ်။ ကွန်ဂရက်ကို အဲဒီလို လိမ်ညာရင် ပြစ်မှုမြောက်တယ်” လို့ ပြောခဲ့ပါတယ်။ မပြင်ဆင်ထားတဲ့  အစီရင်ခံစာနဲ့ အထောက်အထားကို လွှဲပြောင်းပေးဖို့ ရှေ့နေချုပ် ဘားစ်ကို ဒီမိုကရက်တွေက ရက်သတ်မှတ်ပေးခဲ့ပါတယ်။ ရှေ့နေချုပ် ဘားစ်ဟာ လွှတ်တော်ကြားနာမှု ပုံစံနဲ့ ပတ်သက်လို့ ကော်မတီ ဥက္ကဋ္ဌနဲ့  စကားများပြီး သက်သေခံတာကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီအတွက် ကော်မတီရှေ့မှောက်မှာ ဘားစ် သက်သေထွက်ဆိုဖို့ သမ္မန်စာ ထုတ်ပြန်နိုင်တယ်လို့ ဒီမိုကရက်တွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up