နန်းတက်ပြီး ၃ ရက်အကြာတွင် ဂျပန်ဘုရင်နှင့်မိဖုရား ပြည်သူကိုတွေ့ဆုံ

1.2K
မေ ၄ ရက်နေ့က ဂျပန်ဘုရင်သစ် နာရူဟီတိုနဲ့ မိဖုရား မာဆာကိုတို့ဟာ ပထမဆုံးအကြိမ် ဂျပန်ပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
ဘုရင်သစ် နာရူဟီတို နန်းတက်ပြီး ၃ ရက်အကြာမှာ အခုလို တွေ့ဆုံနှုတ်ဆက်တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဂျပန်ပြည်သူတွေကလည်း အလံတွေ ဝှေ့ယမ်းကာ ဘရင်သစ်ကို ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
ဘုရင်သစ် နာရူဟီတိုက ဂျပန်ပြည်သူတွေ ဂုဏ်ပြုတာ ရရှိတဲ့အတွက် ပျော်ရွှင်မိပြီး ဂုဏ်ပြုတာကို တန်ဖိုးထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။
နာရူဟီတိုက ဂျပန်ပြည်သူတွေ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပြီး တခြားနိုင်ငံတွေနဲ့အတူ လက်တွဲကာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဂျပန်နိုင်ငံ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ဖို့ ဆန္ဒပြုပါတယ်လို့ ပြောခဲ့ပါတယ်။
ဘုရင်သစ် ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားမှာ နေရာရဖို့အတွက် ဂျပန်ပြည်သူတွေဟာ နာရီပေါင်း များစွာကြာမြင့်အောင် တန်းစီခဲ့ပါတယ်။ အဲဒီနောက် လာရောက်ဂုဏ်ပြုတဲ့ ဂျပန်ပြည်သူတွေကို ဘုရင်သစ် နာရူဟီတိုနဲ့ တော်ဝင်မိသားစုတို့က နန်းတော် လေသာဆောင်ကနေ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။