A d v e r t i s e m e n t With Us

ကေပေါ့ယဉ်ကျေးမှုကို တွန်းလှန်းမည့် တရုတ်နိုင်ငံက လေ့ကျင့်ရေးကျောင်း

ကေပေါ့ ယဉ်ကျေးမှုဟာ တကမ္ဘာလုံအတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားမှုကို ရှရှိထားမယ့် တရုတ်နိုင်ငံမှာတော့ ဒါကိုလက်မခံလိုကြပါဘူး။ ကေပေါ့ယဉ်ကျေးမှုဟာ နိုင်ငံရဲ့အနာဂတ်ကို ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတဲ့ ခြိမ်းခြောက်မှု တခုအဖြစ်တောင် မှတ်ယူနေကြပါတယ်။ ဒါ့ကြောင့် ကေပေါ့ယဉ်ကျေးမှုကို တွန်းလှန်ဖို့ လေ့ကျင့်ရေးစခန်းတခုလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ကျောင်းဆရာဟောင်းတဦး တည်ထောင်ထားတဲ့ ဒီလေ့ကျင့်ရေးစခန်းဟာ ဘေကျင်းမြို့မှာ တည်ရှိပြီး “Real Man Training Club” လို့အမည်ရပါတယ်။ ဒီကလပ်ဟာ ကလေးငယ်တွေကို အဓိကထားလေ့ကျင့်ပေးပြီး ကလေးတွေကို ကျားကျားယားယား သန်သန်မာမာ ကြီးထွားလာစေရမယ်လို့ အာမခံချက်ပေးထားပါတယ်။ ဒီလေ့ကျင့်ရေးစခန်းမှာ ကလေးတွေကို American Football၊ နပမ်းနဲ့ ဘောက်ဆင်တို့လို ကြမ်းတမ်းတဲ့ အားကစားနည်းတွေ လေ့ကျင့်စေပြီးတော့ သူတို့ရဲ့ကာယပိုင်းကို တိုးတက်အောင် ပြုလုပ်စေပြီး တောင်တက်ခြင်း၊ ကန္တာရတွေကကို ဖြတ်ခြင်း စတာတွေကိုလည်း လေ့ကျင့်ရေးအစီစဉ်တွေမှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို မြင့်တက်စေဖို့ နည်းပြဆရာ တန်းက ဆောင်ပုဒ်တွေ အော်ဟစ်ရွတ်ဆိုခြင်းကို ဆောင်ရွက်စေပြီး သူတို့ရဲ့ဝတ်စုံတွေမှာလည်း “မဖြစ်နိုင်တာမရှိဘူး” စတဲ့စာတန်းတွေကိုလည်း ရေးထိုးဝတ်ဆင်စေပါတယ်။ ဒါတွေအားလုံးက ကလေးတွေအနေနဲ့ ကေပေါ့ယဉ်ကျေးမှုရဲ့ ဖုံးလွှမ်းမှုကို တွန်းလှန်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း သူကပြောပါတယ်။ “ခင်ဗျားက ဒီယဉ်ကျေးမှုတွေကို မြှင့်တင်နေတဲ့ လူဆိုရင်တော့ ခင်ဗျားဟာ နိုင်ငံအတွက် အမှိုက်ပါပဲ” လို့သူကဆက်ပြောပါတယ်။ သင်တန်းဆရာတန်းက ယောက်ျားလေးတွေဟာ နိုင်ငံနဲ့ မိသားစုကို ဦးဆောင်ရမယ့်သူတွေလို့ ယူဆထားပြီး မီဒီယာတွေကြောင့် ပြင်ပယဉ်ကျေးမှုတွေ ဝင်ရောက်လာပြီး နောက်လာမယ့်မျိုးဆက်သစ်တွေက ဒီတာဝန်တွေကို မဆောင်ရွက်နိုင်တော့ မှာလည်း သူကစိုးရိမ်နေပါတယ်။ ကေပေါ့နာမည်ကျော်တွေရဲ့ အလှအပကို ဦးစားပေးမူ၊ အဝတ်အစားနဲ့ ဆံပင် အရောင်တွေက နိုင်ငံတွင်းက လူငယ်တွေကိုဖျက်ဆီးနေပြီး သူတို့ကို ကျားကျားလျားလျားပုံစံတွေ ပျောက်ဆုံး စေတယ်လို့လည်း သင်တန်းဆရာက ယူဆနေပါတယ်။ ဒါ့ကြောင့် သူက ဒီလိုသင်တန်းမျိုးကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး သင်တန်းကိုရောက်လာတဲ့ ကလေးတွေဟာ မိဘတွေအပေါ် မှီခိုနေတာကို လုံးဝရပ်တန့်လိုက်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ သင်တန်းကာလအတွင်း မိသားစုနဲ့ တွေ့ဆုံတာ၊ ဖုန်းသုံးတာတွေကို လုံးမဝဆောင်ရွက်နိုင်မှာမဟုတ်ဘဲ ငိုနေမယ်ဆိုရင်တောင် လျစ်လျူရှုခံထားရမှာဖြစ်ပါတယ်။ တန်းဟာ သူ့သင်တန်းကို ၂၀၁၂ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သင်တန်းသား ၃၀၀၀ နီးပါးကိုလည်း မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ အစိုးရဟာလည်း ပြင်ပယဉ်ကျေးမှုလွှမ်းမိုးလာခြင်းကို တိုက်ဖျက်ဖို့အတွက် ဆောင်ရွက်မှုတွေ ပြုလုပ်ချက်ရှိပြီး နိုင်ငံပိုင် ရုပ်သံတွေမှာဆိုရင်လည်း ယောက်ျားတွေ နားကပ်တပ်ထားရင် နားကပ်ကို ဝါးပစ်လိုက်တာမျိုး ပြင်းထန်တဲ့ (တစ်ခါတစ်ရံ ရယ်စရာကောင်းတဲ့) ဆောင်ရွက်ချက်တွေကို ပြုလုပ်တာ ရှိပါတယ်။ “ကလေးတွေက အိမ်မှာဆိုရင်လည်း အမေတွေနဲ့ အနေများပြီး ကျောင်းရောက်ရင်လည်း ဆရာအများစုက အမျိုးသမီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် စံထားစရာ အမျိုးသားတွေလိုအပ်ပြီး ဒီလိုအပ်ချက် ဖြည့်ဆည်းဖို့ သင်တန်းက နည်းပြအားလုံးကို အမျိုးသားတွေပဲ ခန့်အပ်ထားတယ်” လို့ တန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up