Live
Home
မြန်မာသတင်း
တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ကျူးလွန်သူ ​သေဆုံး
DVB
·
May 4, 2019
တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ကျူးလွန်သူ ဦးတင်အုန်းဟာ အချုပ်​ခန်းထဲမှာ မူးလဲပြီး ​​သေဆုံးသွားတယ်​လို့ ခရိုင်​ရဲတပ်​ဖွဲမှူးက ​ပြောပါတယ်​။ ​ဒီနေ့မနက်​ ​၁၁ နာရီအချိန်​မှာ အိမ်​သာတက်​ပြီး မူးလဲတာကို​တွေ့​တော့ ​ခေါ်ထုတ်​ပြီး ​စဝ်​စံထွန်း​ဆေးရုံ ပို့​ဆောင်​ရာမှာ ​ဆေးရုံအ​ရောက်​ ​သေဆုံးတယ်​လို့ ဆိုပါတယ်​။ “အိမ်​သာတက်​​နေတာ၊ အိမ်​သာထဲ​ခွေ​နေတာ​တွေ့​တော့ ဆွဲထုတ်​လိုက်​တာ အဲမှာ သူက အသက်​ရှူမမှန်​ဘူး။ ​ဆေးရုံတင်​​ပေးလိုက်​​တော့ ​ဆေးရုံမှာ​သေသွားတယ်​” လို့ ​တောင်​ကြီး ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး ခင်​​မောင်​ဦးက​ပြောပါတယ်​။ လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်အုန်းဟာ နဂို​ရောဂါအခံဖြစ်​တဲ့ ​သွေးတိုး၊ ဆီးချို၊ ​ကျောက်​ကပ်​ရောဂါ တွေရှိပြီး မူးယစ်​​ဆေးဝါး သုံးစွဲတယ်​လို့လည်း ဝန်​ခံထားတယ်​လို့ ဆိုပါတယ်။ လက်​ရှိအ​ခြေ​နေမှာ ​ပျောက်​ဆုံး ပစ္စည်း ​ရွှေထယ်​​တွေ ၈၀ ရာခိုင်​နှုန်း​လောက်​ပြန်​ရပြီဖြစ်ပြီး ကျန်​ရှိ တရားခံကွင်းဆက်​​တွေကိုလည်း ဆက်​လက်​ရှာ​ဖွေသွားမယ်​လို့ ရဲမှူးက ဆိုပါတယ်​။ လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်​အုန်း ​(ခေါ်) ဦးအိုက်​အုံးကို ဧပြီ ၂၉ ရက်​​နေ့က ​ကျောက်​မဲမှာ ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိပြီး ​မေ ၄ ရက်​​နေ့မှာ ​သေဆုံးသွားတာပါ။ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) နေအိမ် (မြင်းဖြူနှစ်ကောင်ဆေးတိုက်) မှာ ဧပြီ ၂၈ ရက်က ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားပြီး ​​သေဆုံးသူမှာ ​စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ သား မောင်ဖဖ၊ အသက်​(၇)လ၊ အလုပ်​သမား မအေးမိုး (၁၇)နှစ်၊ တို့ ဖြစ်​ပါတယ်​။ ခွန်ရာဇာ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024