Home
မြန်မာသတင်း
တမူးမြို့နယ်တွင် တရားမ၀င် ဘင်္ဂါလီ ၃ ဦး ဖမ်းမိ
DVB
·
May 4, 2019
စစ်ကိုင်းတိုင်း၊ တမူးခရိုင် ခမ်းပတ်မြို့ နန်းကတိတ်ကျေးရွာ အမကကျောင်းရှေ့ တမူး-ကလေး ကားလမ်းမပေါ်မှာ မနေ့မနက်ပိုင်းက တရားမ၀င် ဘင်္ဂါလီ ၃ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ တမူးမြို့ဘက်ကနေ ကလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ တမူးမြို့နယ် နေ ရန်ခိုလင်းနဲ့ လွန်ကျင်ဟောက်တို့ မောင်းနှင်လာတဲ့ ဆိုင်ကယ် နှစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ ဘဂါင်္လီတွေကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ အနာမူရာ (ကျား)၊ အာဂျီတန် (မ) နဲ့အမ်ဂျူးမာ(မ) တို့ ဖြစ်ပါတယ်။ စစ်ဆေးရာမှာ တဖက်နိုင်ငံ မိုးရေးမြို့နေသူ ချိန်ပီး (မ) ဆိုသူက တဦးကို မြန်မာငွေ ၁၅၀၀၀၀ ကျပ်နဲ့ ကလေးဝမြို့ကို ပို့ဆောင်ခိုင်းတာကြောင့် အခုလ ၂ ရက်က တမူးမြို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် အမှတ် ၁ စစ်ဆေးရေးဂိတ်အနီး တရားမဝင် ဝင်/ထွက်ပေါက် နေရာမှ တရားမဝင် ဝင်ရောက်ခဲ့ရာက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ “မြန်​မာနိုင်​ငံ တမူးနယ်​စပ်​ကနေဖြတ်ပြီး မ​လေးရှားသွားမယ်​လို့ သိရပါတယ်​။ နယ်​စပ်​စည်းရိုး မလုံခြုံ​သေး​တော့ ဖမ်းမိတာလည်း ရှိသလို မသိလိုက်​တာလည်း ရှိနိုင်​တယ်​” လို့ တမူးမြို့ မြို့မရဲ့စခန်းမှ စခန်းမှူးကို​ဇော်​ထွန်းက​ ပြောပါတယ်​။ ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၃ ဦးတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လဝကရုံးနှင့်ချိတ်ဆက်ပြီး ခမ်းပတ် နမစနဲ့ ပူးပေါင်းအဖွဲ့က အသေးစိတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024