A d v e r t i s e m e n t With Us

ပီရူးနိုင်ငံက အခေါင်းဖလား ဖူဆယ်ပြိုင်ပွဲ

Copa Ataues ဆိုတာ ပီရူးနိုင်ငံ ဂျူလီယာကာမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ဖူဆယ်ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲဟာ ဒေသတွင်းမှာ အခေါင်းဖလားလို့ နာမည်ကြီးပါတယ်။ အကြောင်းကတော့ ပွဲစီစဉ်သူတွေဟာ ဆုကို ငွေကြေးအစား အခေါင်းတွေ ချီးမြှင့်လို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပူနိုဒေသမှာရှိတဲ့ ကြီးမားတဲ့ နာရေးအေဂျင်စီပေါင်း ၁၂ ခုကို ကိုယ်စားပြုတဲ့ အသင်းပေါင်း ၁၂ သင်းက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဒါ့ကြောင့် ဒီပြိုင်ပွဲမှာပေးတဲ့ ဆုဟာ တခြားသော ပြိုင်ပွဲတွေထက် ပိုထူးခြားနေတာဖြစ်ပြီး အနိုင်ရတဲ့ အသင်းတွေကတော့ အခေါင်းထမ်းပြီး အိမ်ပြန်ရမှာဖြစ်ပါတယ်။ ကွင်းထဲမှာ အင်တိုက်ာအားတိုက် ယှဉ်ပြိုင်ကစားရပြီး အနိုင်ရတဲ့အခါမှာ အခေါင်းကြီး ထမ်းပြန်ရတာ တချို့တွေအတွက်တော့ အဆင်မပြေနိုင်လောက်ပေမယ့် ဒီဒေသက နာရေး အေဂျင်စီတွေကတော့ နှစ်စဉ်မပျက်မကွက် ဒီပြိုင်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနှစ်မှာလည်း ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အသင်းတွေရဲ့ နာမည်တွေကလည်း  “ နောက်ဆုံးနှုတ်ဆက်ခြင်း” ။ “ Rest and Peace”၊ “ နိဗ္ဗာန်သို့ သွားရာလမ်း” စတဲ့ နာရေးနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်းနာမည်တွေချည်းပါပဲ။ ဒီပြိုင်ပွဲမှာ အနိုင်ရဗိုလ်ဆွဲတဲ့ အသင်းဟာ ဒေါ်လာ ၁၃၀၀ လောက်တန်တဲ့ အကောင်းစား ခေါင်းတလားကြီးတလုံးကို ဆုအဖြစ် လက်ခံရရှိမှာဖြစ်ပြီး ကျန်ဒုတိယနဲ့ တတိယ အသင်းတွေကတော့ ပိုဈေးနည်းတဲ့ အခေါင်းကို ရရှိမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ တခြားသူတွေအတွက် စိတ်မသက်မသာ ဖြစ်စေမှာသေချာပေမယ့် ပွဲစီစဉ်သူတွေကတော့ သူတို့ပြိုင်ပွဲအတွက် ဂုဏ်ယူနေကြပါတယ်။ “ဒီလိုထူးဆန်းတဲ့ ပြိုင်ပွဲမျိုးကို ကျင်းပခွင့်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အခေါင်းဖလားဟာ နိုင်ငံတကာ အဆင့်အထိ နာမည်မကြီးပေမယ့် ကျနော်တို့ ဒေသတွင်းမှာတော့ သူက ထိပ်တန်းပြိုင်ပွဲတခုပါပဲ” လို့ ပွဲစီစဉ်သူတဦးကပြောပါတယ်။ ဒီပြိုင်ပွဲဝင်အသင်းတွေက သူတို့ရတဲ့ဆုကို ဘယ်လိုပုံစံမျိုး ခွဲဝေယူကြတယ်။ တိတိကျကျ မသိရပေမယ့် အခေါင်းတွေကို ရောင်းချပြီး ရရှိတဲ့ပိုက်ဆံကို ပြန်ခွဲယူကြတယ်လို့ ယူဆရပါတယ်။

A d v e r t i s e m e n t With Us

More News
Up