A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်းဖန်နီကြောင့် လူ ၃ ဦး သေဆုံး

မေလ ၃ ရက်က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိသပြည်နယ်ကို အားအလွန်ပြင်းတဲ့ ဆိုင်ကလုန်း ဖန်နီ ၀င်ရောက်ခဲ့တာကြောင့်  လူ ၃ ယောက် သေဆုံးတယ်လို့ CGTN သတင်းက ဆိုပါတယ်။ ဆိုင်ကလုန်း ဖန်နီဟာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၂၀၀ အထိ တိုက်ခတ်ပြီး ၅ နှစ် အတွင်း  အိန္ဒိယနိုင်ငံကို ၀င်ရောက်တဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်ပါတယ်။ မုန်တိုင်းဝင်ရောက်တဲ့ သြရိဿပြည်နယ် မြေနိမ့်ပိုင်း ကမ်းရိုးတန်းတလျှောက်က ဒေသခံ ၁ သန်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က တွစ်တာမှာ ရေးခဲ့ပါတယ်။ ပါရာဒီပ် ပင်လယ်ဆိပ်ကမ်းမြို့က ဆိုင်ကလုန်းစင်တာ ၈  ခုမှာ လူ ၂၀၀၀ ၀န်းကျင်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ထားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဆိုင်ကလုန်း ဖန်နီကြောင့် သစ်ပင်နဲ့ ဓာတ်တိုင်တွေ အမြစ်ကနေ ကျွတ်ထွက်ပြိး သြရိဿပြည်နယ် နေရာအတော်များများမှာ ဓာတ်အားပြတ်တောက်တာတွေ ဖြစ်ပေါ်နေပါတယ်။ မိုးကြီးတာကြောင့်  ပူရီမြို့နေရာ အတော်များများနဲ့ တခြားနေရာတွေမှာ ရေကြီးနစ်မြုပ် နေပါတယ်။ အန်ဒါ ပရာဒေ့ရှ်ပြည်နယ်နဲ့ အနောက်ဘန်ဂေါပြည်နယ် တချို့နေရာတွေမှာလည်း လေပြင်းတွေ တိုက်ခဲ့ပါတယ်။ အခုအခါ  ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ  တဖြည်းဖြည်း အားပျော့သွားတယ်လို့ သိရပြိး အိန္ဒိယ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီတွေဟာ အကူအညီပေးရေး လုပ်ဆောင်ဖို့  အသင့်ရှိနေကြတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up