ပေးဂိုးများနေသည့်အပေါ် အာဆင်နယ်တိုက်စစ်မှူး လာကာဇက် သတိပေး

အသင်းဟာ အလွတ်တည်ကန်ဘောတွေကနေတဆင့် ပြိုင်ဘက်အသင်းတွေကို ပေးဂိုးတွေ များနေတာကြောင့် သတိထားဖို့ လိုအပ်နေပြီလို့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်က ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ဗလင်စီယာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ထောင့်ကန်ဘောကနေတဆင့် ပြိုင်ဘက်အသင်းကို ဂိုးပေးခဲ့ရတာ ဖြစ်ပြီး လာကာဇက်ရဲ့ ချေပဂိုး၊ အနိုင်ဂိုးနဲ့ အော်ဘာမီယန်ရဲ့ အနိုင်ဂိုးတွေကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် လာကာဇက်ကတော့ အသင်းနဲ့ပတ်သလို့ စိုးရိမ်မှုတွေရှိနေပြီး ဒုတိယအကျော့ ဗလင်စီယာကွင်းမှာ ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားတာပါ။ ဒါပေမယ့် ယူရိုပါလိဂ်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး အခွင့်အရေးတခု ဖြစ်နေလို့ လက်လွှတ်မခံဘဲ ဖလားကို ရအောင်ယူမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up