မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူရန် ဂျပန်ကလပ် စိတ်ဝင်စားနေ

ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းဟာ စပိန်ကွင်းလယ်လူ နှစ်ဦးနဲ့အတူ ကစားစေဖို့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။ ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် ဆေးလ်ဗားဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေသေးတာကြောင့် ခက်ခဲနိုင်ပေမယ့် ဂျေဝမ်းကလပ်ဘက်ကတော့ သူတို့အသင်းမှာ စပိန်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာနဲ့ အန်နီယေစတာတို့ ရှိနေတာကို အခွင့်ကောင်းယူပြီး ဂျပန်မြေကို အရောက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကစားသမားကတော့ သူ့အနေနဲ့ စာချုပ်သစ်ကို လက်ရှိအသင်း ဒါမှမဟုတ်ရင် သူ့ရဲ့ ငယ်မွေးခြံပေါက်ကလပ် လက်စ်ပဲလ်မက်စ်အသင်းနဲ့ပဲ စာချုပ်ချုပ်လိုတယ်လို့ ပြောကြားထားပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ ပြည့်နှစ်ကတည်းကစတင်ပြီး ဆယ်စုနှစ်တခုနီးပါး ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up