A d v e r t i s e m e n t With Us

ကစားသမားများ ခေါ်ယူရန် ပေါင်သန်း ၄၆၀ ခန့် ရီးရဲလ်သုံးမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၆၀ လောက် အသုံးပြုပြီး ကစားသမားတွေ ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသင်းကို အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ဇီဒန်း တကျော့ပြန် နည်းပြဖြစ်လာပြီး နောက်ပိုင်းမှာ ငွေအလုံးအရင်းသုံးစွဲပြီး တချိန်က ကြယ်စင်စု စီမံကိန်းမျိုး ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဇီဒန်း ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့  ကွင်းလယ်လူ ပေါ့ဘာ၊ ချဲလ်ဆီးက ကြယ်ပွင့်ကစားသမား ဟာဇက်၊ တော့တင်ဟမ် ကွင်းလယ်ဖန်တီးရှင် အဲရစ်ခ်ဆန်၊ လိုင်ယွန်ကွင်းလယ်လူ ဒွန်ဘီလီနဲ့ ဖရန့်ဖတ်က လူကာဂျိုဗစ်တို့ပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လက်တလောမှာတော့ ပေါ်တူဂီ ကစားသမားဖြစ်တဲ့ အီဒါမီလီတောင်ကိုတော့ ပေါင် ၄၃ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up