ပေါ်တူဂီ ကြယ်ပွင့်နှစ်ဦးကို ပေါင်သန်း ၁၅၀ ခန့် ဖြင့် မန်စီးတီး ခေါ်ယူမည်

ဘင်ဖီကာက ဂျာအိုဖီးလစ်နဲ့ စပို့တင်းလစ္စဘွန်းက ဘရူနိုဖာနန်ဒက်စ်တို့ နှစ်ဦးစလုံးကို လက်ဦးမှုရယူပြီး ခေါ်ယူသွားဖို့ မန်စီးတီးအသင်းပြင်ဆင်နေပါတယ်။
မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ မျက်စိကျနေတဲ့ အဲ့ဒီပေါ်တူဂီ ကြယ်ပွင့်နှစ်ဦးစလုံးကို ပေါင်သန်း ၁၅၀ လောက်ထိ အသုံးပြုပြီး ခေါ်ယူသွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
သက်ဆိုင်ရာ ကလပ်တွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားနှစ်ဦးလုံးဟာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့ပုံစံကို ပြသထားကြပြီး ပရီးမီးယားလိဂ်ဟာ အလားအလာကောင်းတဲ့ နာမည်ကြီးလိဂ်ဖြစ်တာကြောင့် ငြင်းပယ်မယ့်အခြေအနေ မရှိဘူးလို့ သုံးသပ်ကြပါတယ်။
ဘင်ဖီကာအသင်းရဲ့ ၁၉ နှစ်သား ဂျာအိုဖီးလစ်ကတော့ သူကစားထားခဲ့တဲ့ပွဲ ၄၀ မှာ ၁၈ ဂိုးသွင်းယူထားပြီး ၁၁ ကြိမ်ဂိုးဖန်တီးပေးထားပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းက ဘရူနိုဖာနန်ဒက်စ်ကတော့ ၄၉ ပွဲကစား ၂၈ ဂိုးသွင်းယူပြီး ၁၆ ကြိမ် ဂိုး ဖန်တီးပေးထားပါတယ်။
မန်စီးတီးအသင်းအနေနဲ့က အရှေ့ပိုင်းမှာလည်း ဘရာနာဒိုဆေးလ်ဗားလို ပေါ်တူဂီကစားသမားတဦးကို ခေါ်ယူထားခဲ့လို့ အဲ့ဒီလူငယ်ကြယ်ပွင့် နှစ်ဦးလုံးကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။