ပေါ်တူဂီ ကြယ်ပွင့်နှစ်ဦးကို ပေါင်သန်း ၁၅၀ ခန့် ဖြင့် မန်စီးတီး ခေါ်ယူမည်

ဘင်​ဖီကာက ဂျာအိုဖီးလစ်​နဲ့ စပို့တင်းလစ္စဘွန်းက ဘရူနိုဖာနန်​ဒက်​စ်​တို့ နှစ်​ဦးစလုံးကို လက်​ဦးမှုရယူပြီး ​ခေါ်ယူသွားဖို့ မန်​စီးတီးအသင်းပြင်​ဆင်​​နေပါတယ်​။ မြို့ခံပြိုင်​ဘက်​ မန်​ချက်​စတာယူနိုက်​တက်​က ​ခေါ်ယူဖို့ မျက်​စိကျ​နေတဲ့ အဲ့ဒီ​ပေါ်တူဂီ ကြယ်​ပွင့်နှစ်ဦးစလုံးကို ​ပေါင်​သန်း ၁၅၀ ​လောက်​ထိ အသုံးပြုပြီး ​ခေါ်ယူသွားမယ်​လို့လည်း သတင်း​တွေ ထွက်​​နေပါတယ်​။ သက်​ဆိုင်​ရာ ကလပ်​​တွေမှာ ​ခြေစွမ်းပြ​နေတဲ့ ကစားသမားနှစ်​ဦးလုံးဟာ အသင်း​ပြောင်း​ရွှေ့ဖို့ စိတ်​ဝင်​စားတဲ့ပုံစံကို ပြသထားကြပြီး​ ပရီးမီးယားလိဂ်​ဟာ အလားအလာ​ကောင်းတဲ့ နာမည်​ကြီးလိဂ်​ဖြစ်​တာ​ကြောင့် ငြင်းပယ်​မယ့်အ​ခြေအ​နေ မရှိဘူးလို့ သုံးသပ်​ကြပါတယ်​။ ဘင်​ဖီကာအသင်းရဲ့ ၁၉ နှစ်​သား ဂျာအိုဖီးလစ်​က​တော့ သူကစားထားခဲ့တဲ့ပွဲ ၄၀ မှာ ၁၈ ဂိုးသွင်းယူထားပြီး ၁၁ ကြိမ်​ဂိုးဖန်​တီး​ပေးထားပါတယ်​။ စပို့တင်းလစ္စဘွန်းအသင်းက ဘရူနိုဖာနန်​ဒက်​စ်​က​တော့ ၄၉ ပွဲကစား ၂၈ ဂိုးသွင်းယူပြီး ၁၆ ကြိမ် ​ဂိုး ဖန်​တီး​ပေးထားပါတယ်​။ မန်​စီးတီးအသင်းအ​နေနဲ့က အ​ရှေ့ပိုင်းမှာလည်း ဘရာနာဒို​ဆေးလ်​ဗားလို​ ပေါ်တူဂီကစားသမားတ​ဦးကို​ ခေါ်ယူထားခဲ့လို့ အဲ့ဒီလူငယ်​ကြယ်​ပွင့် နှစ်​ဦးလုံးကို ခေါ်ယူနိုင်​မယ်​လို့ ယုံကြည်​နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up