Home
မြန်မာသတင်း
သမ္မတ ဦးဝင်းမြင့် မြိတ်မြို့ သဘာဝငှက်သိုက်အိမ်ကို သွားရောက်လေ့လာ
DVB
·
May 4, 2019
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်း မြိတ်မြို့ကို ရောက်ရှိခဲ့ပြီး သဘာဝငှက်သိုက်အိမ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ သမ္မတနဲ့အစိုးရအဖွဲ့ဟာ မြိတ်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ပထက်ကျွန်းပေါ်က ရွှေသာလျောင်းဘုရားကို သွားရောက်ဖူးမျှော်ခဲ့ကြီးတဲ့နောက် မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ သဘာဝ ငှက်သိုက်အိမ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဆက်လက်ပြီး တနင်္သာရီမြို့မှာ တည်ဆောက်နေတဲ့ တနင်္သာရီမြစ်ကူးတံတားကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး နေ့လယ်ပိုင်း ပြန်လည်ထွက်ခွာမယ်လို့သိရပါတယ်။ နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ မေ ၃ ရက်နေ့က ထားဝယ်မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး ထားဝယ်မြို့မှာလည်း ဌာနဆိုင်ရာတွေ့ဆုံပွဲပြုလုပ်ခဲ့ကြပါတယ်။ အန်အယ်လ်ဒီပါတီ အာဏာရပြီးတဲ့နောက်ပိုင်း နိုင်ငံတော်သမ္မတရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024