Live
Home
မြန်မာသတင်း
မန္တလေးမြို့ နှစ် ၁၆၀ ပြည့်ပွဲအတွက် ကူညီပေးမည်ဟု ၀န်ကြီးချုပ်ပြော
DVB
·
May 4, 2019
မန္တလေးမြို့ နှစ် ၁၆၀ ပြည့်ပွဲကို တိုင်းအစိုးရအနေနဲ့ ကျင်းပမှာမဟုတ်ပဲ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်တွေက ကျင်းပသွားမှာဖြစ်ပြီး ကူညီပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မန္တလေးမြို့ကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်က မြို့တည်ခဲ့တာဖြစ်ပြီး ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်မှာ နှစ် ၁၆၀ ပြည့်ပြီဖြစ်ပါတယ်။ မန္တလေးမြို့ နှစ် ၁၆၀ ပြည့်ပွဲကို ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်တွေက ဦးဆောင်ကျင်းပမှာဖြစ်ပြီး မေ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက် ကျင်းပသွားမယ်လို့သိရပါတယ်။ “သက်ဆိုင်ရာကတော့ ရာပြည့်တို့၊ နှစ် ၁၅၀ တို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့် အနွယ်တော်တွေနဲ့ ဆယ်နှစ်မှာ တခါလုပ်ဖို့ ရည်မှန်းထားတယ်။ နှစ်ငါးဆယ်မှ တခါလုပ်ရင်သိပ်ပြီးတော့ကြာတယ်။ မန္တလေးရဲ့မြို့တည်နန်းတည်ကို အမှတ်ရနေစေဖို့ မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီး လုပ်ချင်တဲ့သဘောပါ။ ဒါက အနွယ်တော်တွေနဲ့တင် ဆိုင်တာမဟုတ်ဘဲနဲ့ ပြည်သူတွေနဲ့လည်းဆိုင်ပါတယ်” လို့ သီပေါမင်းရဲ့ မြစ်တော် ဦးစိုးဝင်းက ပြောပါတယ်။ နန်းတော်တွင်းမှာ မေ ၂၄ ရက်နေ့ ဆွမ်းကပ်တာ၊ မေလ ၂၅ ရက်နေ့မှာ ဆရာတော် သံဃာတော် အပါး ၁၆၀ ကို ဆွမ်းဆန်စိမ်းလောင်းတာတို့ ပြုလုပ်မှာဖြစ်ပြီး မေ ၂၆ ရက်နေ့မှာတော့ ဘာလုပ်မယ်ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မန္တလေးမြို့ နှစ် ၁၅၀ ပြည့်ပွဲမှာတော့ မြန်မာ့ရိုးရာ အားကစားပွဲတော်တွေ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲတွေအပြင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ရွှေချည်ထိုးပြပွဲ၊ မြန်မာမှုလက်ရာ ပြပွဲနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲတွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024