သီရိလင်္ကာတွင် ကျောင်းများပြန်ဖွင့်ရန် စီစဉ်နေ

ဓာတ်ပုံ - Reuters
သီရိလင်္ကာအစိုးရဟာ လာမယ့်သီတင်းပတ်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးက မေလ ၂ ရက်မှာ ပြောပါတယ်။ အီစတာ တနင်္ဂနွေ ပွဲတော်အတွင်း ဗုံးခွဲတိုက်ခိုက်ခံရလို့ ကျောင်းတွေကို သီတင်း ၂ ပတ်ကြာ ပိတ်ထားခဲ့တာပါ။ နိုင်ငံတလွှားက ပြည်သူပိုင်ကျောင်း ၉ ထောင်ကို လုံခြုံရေး သတ်မှတ်ချက်ဘောင်တွေ အတွင်းကနေ မေလ ၆ ရက်မှာ ပြန်ဖွင့်မယ်လို့ ဝန်ကြီး အကီလာ ဗီရတ်ခ်ျ ကာရိယာဝါဆမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လုံခြုံရေး အေဂျင်စီတွေနဲ့ ညှိနှိုင်းတိုင်ပင်အပြီး ဆုံးဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။ ကက်သလစ် ခရစ်ယာန်ကျောင်းတွေ ပြန်ဖွင့်မဖွင့်ဆိုတာ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ ကျောင်းအုပ်တွေကို လွတ်လပ်ခွင့် ပေးထားတယ်လို့လည်း သူက ပြောပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လ မစခင်မှာ နောက်ထပ် တိုက်ခိုက်မယ့်ပုံ ပေါ်တယ်လို့ ထောက်လှမ်းရေးက အစီရင်ခံထားလို့ တပ်လှန့်မှုအဆင့်ကို ဆက်မြှင့်ထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up