ကမ္ဘာကျော် စတားဝေါစ်ရုပ်ရှင် သရုပ်ဆောင် ပီတာမေဟရူး ကွယ်လွန်

ကမ္ဘာကျော် စတားဝေါစ်ရုပ်ရှင်မှာ ချူဘက်ကာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပီတာ မေဟရူးဟာ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုက မေလ ၂ ရက်နေ့မှာ ပြောပါတယ်။ စတားဝေါစ်ရုပ်ရှင်အတွင်း ဝတ်ကီ (Wookiee) ဝတ်စုံကို အမြဲဝတ်ဆင်ထားတဲ့ မေဟရူးရဲ့ မျက်နှာကို မြင်တွေ့ရလေ့မရှိဘဲ သူဟာ ၁၉၇၇ ခုနှစ် စတားဝေါစ်ရုပ်ရှင်မှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ထိပ်ထိပ်ကြဲ စတားဝေါစ် ရုပ်ရှင်ဇာတ်လမ်းတွဲ ၄ ခုဖြစ်တဲ့ "The Empire Strikes Back," "Return of the Jedi," "Revenge of the Sith" နဲ့ "The Force Awakens." တွေမှာလည်း မေဟရူး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မေဟရူးဟာ ၂၀၁၇ မှာ ရိုက်ကူးခဲ့တဲ့ "The Last Jedi," ဇာတ်လမ်းတွဲမှာလည်း အကြံပေးအနေနဲ့ လုပ်ခဲ့ပြီး သူ့ရဲ့ဇာတ်ရုပ် ချူဘက်ကာနေရာ ဆက်ခံတဲ့ သရုပ်ဆောင်ကို ကူညီသင်ကြားပေးခဲ့ပါတယ်။ စတားဝေါစ် ရုပ်ရှင်ဇာတ်လမ်းတွဲ သရုပ်ဆောင်တဦးဖြစ်ခဲ့တဲ့ ပီတာ မေဟရူးဟာ တက္ကဆက်မြောက်ပိုင်း နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုက တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up