စပိန်ကွင်းလယ်ကစားသမားဟောင်း ဇာဗီ ယခုရာသီအကုန်တွင် အနားယူတော့မည်

1.3K
ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် ကစားသမားဟောင်း ဇာဗီက ဒီနှစ်ဘောလုံးရာသီ အကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ် ဇာဗီဟာ လက်ရှိမှာ ကာတာကလပ် အယ်ဆပ် SC အသင်းမှာ ကစားနေတာပါ။
ကွင်းလယ်ဖန်တီးရှင် ဇာဗီဟာ ဘာစီလိုနာမှာ ကစားတုန်းက လာလီဂါချန်ပီယံဆု ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း စပိန်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ ဇာဗီဟာ စပိန်လက်ရွေးစင် အသင်းအတွက် ကစားပေးတဲ့ ၁၃၃ ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။