ကနေဒါ ရက်ပ်ဂီတအဆိုတော် ဒရိတ် စံချိန်တင် ဆုအများဆုံး ရရှိ

လာ့စ်ဗီ်းဂတ်စ်မြို့မှာ မေလ ၁ ရက်နေ့က ပြုလုပ်တဲ့ Billboard ဂီတထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ကနေဒါ ရက်ပ်ဂီတအဆိုတော် ဒရိတ်ဟာ တေလာဆွစ်ဖ်ရဲ့ တသက်တာ ထူးချွန်ဆု အများဆုံးစံချိန်ကို ချိုးပြီး ဆုအများဆုံး ရရှိသွားခဲ့ပါတယ်။ စုစုပေါင်း ထူးချွန်ဆု ၂၇ ခုကို ရခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဒရိတ်က သူ့ရဲ့ အသက်မွေးလုပ်ငန်းကို ထောက်မပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ အဲဒီထူးချွန်ဆုပေးပွဲမှာ အဆိုတော် မာရီယာကာရေးက ထူးချွန်ပုဂ္ဂိုလ်ဆု ရရှိပြီး  ပရိသတ်တွေကို စိတ်လှုပ်ရှားဖွယ် ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ မာရီယာက “သူရေးတဲ့သီချင်းဟာ အသက်ကယ်သီချင်း ဖြစ်တယ်လို့ ပြောတဲ့လူတိုင်းကို ကျေးဇူးတင်စကား ပြောလိုပါတယ်။ အကြောင်းက အဲဒီလူဟာလည်း သူ့အသက်ကို ကယ်တင်ခဲ့လို့ပါ" ဆိုပြီး ပြောခဲ့ပါတယ်။ တောင်ကိုရီးယား အမျိုးသားဂီတအဖွဲ့ BTS ဟာလည်း နှစ်ယောက်တွဲနဲ့ အဖွဲ့လိုက် ထူးချွန်ဆု ရခဲ့ပြီး ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ BTS အဖွဲ့ဝင် ဆူဂါက BTS နဲ့ ပရိသတ်တွေ အတူမျှဝေခဲ့တဲ့ အရာလေးတွေကြောင့်သာ ဒီလိုဆုရရှိတာဖြစ်တယ်ဆိုပြီး ဂီတထူးချွန်ဆုပေးပွဲမှာ ပြောသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up